မကွေးတိုင်း ၊ နတ်မောက်မြို့နယ် ၊ သနပ်ပေါက်တောတဲတိုက်ကို အကြမ်းဖက်စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်သွားတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၃၀ ရက် ဒီနေ့ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၄ စီးဟာ တောတဲတိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပင်စိုက်ဖို့ ပေါင်းရှင်းနေတဲ့ အသက် (၁၄) နှစ်ရွယ်သမီးဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူ ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အခုလို စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ နွား ၁ ကောင်သေဆုံးပြီး တစ်ကောင် ဒဏ်ရာရရှိသွားသလို တောတဲတွေလည်း ကျည်စထိမှန်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တောတဲ တိုက်က နေထိုင်တဲ့ ဒေသခံတွေက အကြမ်းဖက်စစ်အုပ်စု နောက်ထပ်လာရောက် ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ထွက်ပြေး တိမ်း ရှောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ စက်တပ်လေထီး နဲ့ လာရောက်ကြဲချခဲ့တဲ့ရွာတွေဘက်မှာ လေကြောင်းရန် အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပေးဆွေးနွေးတာမျိုးတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုဟာ သြဂုတ်လအတွင်း မကြာခဏ စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်တာ၊ ဒရုန်းဗုံးသီး နဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်လျက်ရှိတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“ ဒီဘက်နယ်ဘက်မှာတော့ လေကြောင်း နဲ့ ပတ်သက်ပြီး အသိပေးတာတွေ မပြောဖြစ်သေးဘူး ၊ အရင်ကန်သာကျေးရွာမှာက ဘုန်းကြီးကျောင်းကို လာကြဲသွားတာ၊ အခုဖြစ်တာက တောက်လျှောက်လို ဖြစ်နေတာ၊ ဒီဘက်နယ်မှာ ရွာကြားရွာကြားတွေမှာ ဖြစ်နေတာ၊ အဲ့အရင်နေ့တွေကလည်း လာ,လာပြီး ကြဲသွားတယ်” လို့ ဆိုပါတယ်။

သြဂုတ် ၂၄ ရက်ကလည်း နတ်မောက်မြို့နယ် ၊ လဲ့ဘူးကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက် ဒေသခံ ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ABSDF အမှတ် ၂ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ တော်လှန်ရေးရဲဘော် ၁၄၇ ယောက် သင်တန်းဆင်းခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြည်သူ ၁၇ ယောက်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းသွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။