မွန်ပြည်နယ် ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းမှထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကျောင်းရွာ လမ်းပိုင်းအရောက် ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-ရေး ဘီလူး

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက  သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ လားရှိုးမြို့စျေးမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ရာ လားရှိုးမြို့မစျေးနဲ့ ရပ်ကွက်အတွင်းက လူနေ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၂ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅) ပစ/တပ်သား- ရဲလင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ ကျွန်တော်မိဘတွေနဲ့လည်း ပြန်တွေ့ချင်တယ်။ တပ်ထဲမှာ လည်း အနိုင်ကျင့်တာတွေ့ရှိတယ်။ အရာရှိတွေက မိဘတွေနဲ့ ဖုန်းပြောရင်လည်း သိမ်းခံရတယ်။ သူတို့ခိုင်းတာလုပ်၊ သူတို့ကျွေးတာစား အဲလိုပုံစံမျိုးပေါ့။ ကျွန်‌တော်သူငယ်ချင်းတွေကိုလည်း အလင်းဝင်စေချင်တယ်။ ဒီဘက်အဖွဲ့အစည်းနဲ့တွေ့ရင် သတ်ဖြတ်မယ်ထင်တာ။ သူတို့က လန့်နေကြမှာပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီမှာ အေးဆေးပါပဲ''
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဒရုန်းပျံဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချနှိမ်နင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်မှ ဇန်နဝါရီ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ မှတ်တမ်းရုပ်သံဖိုင်အတွင်း ကျေးရွာတစ်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခြေမှုန်းခဲ့သလို ဒရုန်းပျံသန်းဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။