စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ၁၃ ရက်ဆက်ကြာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက အရပ်သား ၂၀ နီးပါးကို ဖမ်းဆီးသတ်ဖြတ်ထားပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်ကစလို့ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း၊ ဗျူဟာလမ်းအနောက်ဘက် ကျေးရွာတွေနဲ့ အရှေ့ဘက်ခြမ်းတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ စစ်ကြောင်းဝင်ရာ ကျေးရွာတွေမှာ အရပ်သားတွေ အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်တာ၊ နေအိမ်တွေထဲ ပစ္စည်း​ဝင်ခိုးတာတွေအပြင် ရွာခံတွေကို ဓားစာခံလုပ် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းကို ခမရ ၃၆၁ အခြေစိုက်နဲ့ ၆၀၀၆ တင့်ကားတပ်ရင်းက အကြမ်းဖက်စစ်သားတွေအပြင် သင်္ဃန်းဝတ် ဝါသဝ လက်အောက်ခံ ပျူစောထီးတွေက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ သြဂုတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိ ကန့်ဘလူမြို့တောင်ဘက်ခြမ်း၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်တွေမှာရှိတဲ့ ရွာမ၊ ရွာသစ်၊ ထိန်တော၊အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်းရိုးနဲ့ ကျေးပင်အက်ရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၄၀၀ ကျော်နဲ့ စာသင်ဆောင် ၄ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိန်တောရွာနေ အသက် ၈၀ အရွယ်အမျိုးသမီးကြီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ ရွာသစ်၊ ထိန်တောနဲ့ ရီးဒွေးရွာခံ အရပ်သား ၉ ယောက်ကိုလည်း မီးရှို့သတ်ဖြတ်ပြီးအလောင်းတွေ စွန့်ပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၃ ရက်ကလည်း ကျီကျင်းရွာကို ရောက်ရှိခဲ့တဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ ရွာကို ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးရင်း ရွာထဲပိတ်မိနေတဲ့ အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပုံစာ – သြဂုတ်လ ၂၀ ရက်​က စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုခံခဲ့ရသည့် ကြခတ်အိုက်ရွာသား ကိုမောင်မောင်ကို ရွာခံများနှင့်အတူ တွေ့ရစဥ်…
ဖမ်းဆီးခံရသူတွေထဲက အမျိုးသား ၈ ယောက်ကိုလည်း သတ်ဖြတ်လိုက်သလို ထွက်ပြေးလွတ်မြောက်လာသူတွေလည်းရှိကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ ကျီကျင်းရွာဘုန်းကြီး​ကျောင်းက ကျောင်းထိုင်ဆရာတော် ဦးကောဝိဒကိုလည်း ရွာပြင်နှင်ထုတ်ခဲ့ပြီး အလှူငွေသိန်း ၈၀ ကိုပါ လုယက်သွားတယ်လို့ သိရပါတယ်။

“စစ်အုပ်စုက သူတို့ ထွက်ပြီဆိုတာနဲ့ ရွာတွေကို မီးတိုက်ထားခဲ့တယ်။ အဲ့မှာ အိမ်တွေထဲက မီးလောင်ထားတဲ့အလောင်းတွေ တွေ့ရတယ်။ သူတို့မသတ် ဘယ်သူသတ်မလဲ။ သူတို့က ပျူစောထီးမဖွဲ့နိုင်တဲ့ ရွာတွေဆို ရန်သူလို့ပဲ သတ်မှတ်ထားတာပါ။ ဒီတော့ ရွာတွေထဲ ဝင်ပြီဆို မဲမဲမြင်ရာ အကုန်သတ်ပါတယ်။” လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ မန္တလေး-မြစ်ကြီးနားလမ်းပေါ်က ရေကြည်ဦးဂိတ်ကို ထိန်းချုပ်ချင်တဲ့ စစ်အုပ်စုက သြဂုတ်လ ၂၃ ရက် အဲ့ဒီနေ့မှာ ဘူးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုတွေက လောင်စာဆီကားတွေကို မီး​လောင်စေဖို့ အကြောင်းမဲ့ပစ်ခတ်ရင်း ကားသမား ၂ ယောက် သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ကြောင့် မန္တလေး-မြစ်ကြီးနားအတက်လမ်းပိုင်းကို လွှဲဆိပ်ရွာနားမှာ ပိတ်ဆို့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပိတ်မိနေတဲ့ ကုန်တင်ကားမောင်းသူတွေ​က လမ်းဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိလည်း အကြမ်းဖက်စစ်ကြောင်းဟာ ကျီကျင်းရွာနဲ့ ရေကြည်ဦးရွာဘက်မှာ အထိုင်ချတပ်စွဲရင်း ဒေသခံတော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့လည်း ပြောပါတယ်။

” ၂၃ ရက်နေ့က ရေကြည်ဦးမှာရှိတဲ့ NUG အောက်ကအခွန်ဂိတ်ကို သူတို့တက်လုတယ်။ အခုချိန်အထိမထွက်ပဲ အဲ့မှာထိုင်ပြီး လူသတ်တယ်။ မီးရှို့တယ်။ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူအပိုင်ထဲမှာ ဇင်း၊ စပါးနံ့သာ၊ ငှက်ပျောတိုင်း၊ ပေကြီး၊ ယမနေနဲ့ ရေကြည်ဦးစတဲ့ ဂိတ်တွေရှိတယ်။ ဗျူဟာလမ်းကို စိုးမိုးချင်လို့ပါ။” လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၇ ရက်ကလည်း အဆိုပါရေကြည်ဦးနဲ့ ကျီကျင်းရွာတွေထဲက စစ်အုပ်စုတွေ​ဆီ နောက်ထပ်အင်အား ၁၆၀ ကျော် ထပ်မံ​ရောက်ရှိလာပြီး ဗျူဟာလမ်းတောင်ဘက်အတိုင်း ဆက်လက်ထွက်ခွာသွားရာ လက်ရှိမှာ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်အစပ်က သုံးဆင့်ကန်ရွာ နဲ့ အလယ်ရှိုရွာတွေကြား ရောက်ရှိရင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။