စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့တဲ့ ကုန်တင်ကားတန်း အစီး ၈၀၀ ကျော်ဟာ လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအတွင်း ထပ်မံပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေပါရှိနေကြောင်း ကန့်ဘလူခရိုင် တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်က ကန့်ဘလူမြို့နယ် လွှဲဆိပ်ရွာအနီးမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နောက်နေ့တွေမှာ ကုန်တင်ကားသမားတွေကို စစ်အုပ်စုပစ်သတ်တာမျိုးရှိပြီးတဲ့နောက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အဆင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပိတ်ဆို့လိုက်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၇ရက်မှာတော့ ဘောရွာ-လွှဲဆိပ်- ၁၁ပေါက်ရွာတွေမှာ ရာနဲ့ချီ ပိတ်မိနေတဲ့ ကုန်တင်ယာဥ်မောင်းတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဆန္ဒပြကာ လမ်းပိုင်းအတိုင်း ဆက်ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

လမ်းပိုင်းအတိုင်းဆင်းသွားတဲ့ အဆိုပါ ကုန်တင်ကားတန်းဟာ လက်ရှိမှာ ကန့်ဘလူမြို့နယ်အရှေ့ဘက်က စစ်အုပ်စုထိန်းချုပ်ထားရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအထိ ပိတ်မိနေတယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင် တပ်ရင်း ၃ ထောက်လှမ်းရေးတာဝန်ခံကတော့ မန္တလေး-မြစ်ကြီးနား အဆင်းလမ်းပိုင်းကို ပိတ်ဆို့ထားခဲ့တာဟာ တိုက်ပွဲအခြေအနေတွေကြောင့် ဖြစ်ကြောင်းနဲ့ လမ်းဖွင့်ပေးခဲ့ပြီး ဆင်းသွားတဲ့နောက်မှာလည်း စစ်အုပ်စုက ထပ်မံပိတ်ဆို့လိုက်တယ်လို့ ပြောပါတယ်။

လက်ရှိစစ်အုပ်စုရဲ့ လမ်းပိုင်း ပိတ်ဆို့ထားမှုကြောင့် ကုန်တင်ယာဥ်နဲ့ ဆီဘောက်ဆာယာဥ်မောင်းတွေဟာ စားနပ်ရိက္ခာနဲ့ ရေပြတ်လပ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေတွေထဲအထိ ရိက္ခာလာရောက်ဝယ်ယူနေရကြောင်းနဲ့ ဒီလိုမျိုးလာရောက်ဝယ်ယူသူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက နှစ်ဖက်ပွတ်တိုက်ခဲ့တဲ့ပြသာနာအပေါ် အခြေခံကာ ရှင်းပြပြောဆိုခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း ၃ က ဗီဒိယိုဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းအတွင်း စစ်အုပ်စုထိန်းချုပ်ရာဂိတ်တွေဆီ ငွေကြေးမရောက်ရှိဖို့ ကွင်းလမ်းတွေ အသုံးပြုခိုင်းပေမယ့် မိုးတွင်းကာလ အခက်အခဲတွေကြောင့် ယာဥ်မောင်းသူတွေကလည်း လမ်းမကြီးကိုသာ အဓိကအားထားပြီး သွားလာနေကြတာ ဖြစ်ပါတယ်။

“အခုက သူတို့ဘက်က ကွင်းလမ်းဘက်က သွားလို့မရတော့ဘူးဆိုပြီး ဂိတ်ကိုတိုက်ဖွင့်ပြီး ဆက်သွားတယ်။ အခုကျ စခတွေကလည်း ဆက်ပိတ်ထားတယ်။ အဲ့တော့ရိက္ခာတွေပြတ်ပြီး အကိုတို့နယ်မြထဲအထိ လာဝယ်ကြတယ်။ အကိုတို့က ဝယ်ခွင့်ပြုပါတယ်။ အခုအချိန်အထိ ကျနော်တို့ သူတို့ကို ခြေနဲ့ရော လက်နဲ့ရော မရွယ်ပါဘူး။ သေနတ်ပြောင်းလည်း မလှည့်ပါဘူး။ ဒီလိုလုပ်ချင်လို့လည်း တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး” လို့ ကန့်ဘလူခရိုင်တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ သူတို့ အထိုင်ချထားတဲ့ ယမနေ ကျေးရွာဂိတ်ကနေ ၄မိုင်အကွာ ရေကြည်ဦးဂိတ်မရောက်ခင် ကြားထဲမှာ တော်လှန်ရေးတပ်တွေရှိနေပြီး လမ်းပိုင်းအတိုင်း ရောက်ရှိလာမှာစိုးတာကြောင့် လမ်းပိုင်းကို ပိတ်ဆို့ထားတာလို့လည်း သိရပါတယ်။

“ကားသမားတွေကို အကိုတို့တောင်းဆိုချင်တာကတော့ အကိုတို့ဘက်ကိုလည်း လေးစားမှုရှိစေချင်တယ်။ စစ်တပ်လိုမဟုတ်ဘဲ အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ စစ်ရေးအရ လိုအပ်လို့ ထိန်းချုပ်တာတွေကို နားလည်ပေးစေချင်ပါတယ်။” လို့ ကန့်ဘလူခရိုင်တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကိုပြောခဲ့ပါတယ်။

လက်ရှိမှာ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်သရဲ့ အတက်လမ်းပိုင်းဖြစ်တဲ့ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်က အလယ်လျိုရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွှေဘိုမြို့အထိ နောက်ပြန်လှည့်နေရကြောင်း ကုန်တင်ကားမောင်းသူ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို သင်္ဃန်းဝတ်ဝါသဝရဲ့ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းနေပြီး ကျေးရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို သက်ကြီးရွယ်အိုတွေပါမချန် မုဒိန်းကျင့်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၁ ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု စစ်တပ်အရာရှိ ၂ ဦးနှင့် စစ်သား ၇ ဦး သေဆုံး၊ ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ပြီး ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဧပြီလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။