ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ကျောက်ကြီးတောင်ဂိတ်စခန်းကနေ ရိုးမပေါ်ကို အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို သြဂုတ်လ ၂၅ရက် မနက် ၉နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ၁ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ထမ်းပြီး စစ်ကော်မရှင်တပ်က ကျောက်ကြီးတောင်ဘက် ပြန်လည်ဆုတ်ခွာသွားကာ ညနေ ၃နာရီခွဲကျော်လောက် ပြန်ချီတက်ရွာနဲ့ ညောင်နီပင်ရွာကြား အရောက်မှာ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၅) က ပဒေသာမိုင်း ၄လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၉ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၅ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုတော့ မဖြစ်လိုက်ဘူး။ သူတို့လာမှာ သိလို့ ကြိုမိုင်းထောင်ခဲ့တာ၊ မိုင်းဆွဲခံရပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပြီး ရမ်းပစ်ခဲ့တယ်” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

မိုင်းဆွဲခံရပြီး ဒဏ်ရာရသူတွေကို အထမ်း ၉ ထမ်းနဲ့ ကျောက်ကြီးတောင်ဂိတ်စခန်းကို သယ်ဆောင်သွားပြီး အဲဒီကတဆင့် မတ္တိုင်ဘက်က ဖောကားနဲ့ လာရောက်သယ်ဆောင်ကာ ရွှေတောင်မြို့နယ် ကုတင် (၁၀၀) စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့တဲ့ နေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ (၅.၅၆) ကျည် ၂၀၀ တောင့်၊ အီဂါနာ ၁ လုံးနဲ့ တခြား စစ်အသုံးအဆောက်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် သိမ်းဆည်းရရှိသည့် ခဲယမ်းပစ္စည်းအချို့
0 Shares:
You May Also Like
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို အရေးယူဆောင်ရွက်နေပြီး ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးဖို့ ပြည်သူတွေအပေါ် ခြိမ်းခြောက်သူတွေကို အရေးယူမှုတွေ လုပ်ဆောင်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ စလင်းမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ယောက်ကို ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူမှုတွေ လုပ်ဆောင်နေသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Read More

ထော်သာရွာ (ပျူ) စခန်းအား သိမ်းပိုက်မှု ၁၉၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိ၊ လက်နက်ငယ်မျိုးစုံ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် အခြေချနေထိုင်တဲ့ ထော်သာရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။