ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။

လက်ရှိအခြေအနေအရ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ အကြမ်းဖက်စစ်သားတွေနဲ့ မြို့နယ်၊ ရပ်ကျေးအာဏာပိုင်တွေက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ၊ မဲနှိုက်ခိုင်းတာတွေကို ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက သင်္ဃန်းကျွန်း၊ တာမွေ၊ စမ်းချောင်း၊ အလုံနဲ့ မရမ်းကုန်း မြို့နယ်တွေမှာ ဧည့်စာရင်းစစ် ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ရှိလာသလို အခြေခံလူလတ်တန်းစားများတဲ့ မြို့နယ်တွေမှာ အမျိုးသားလူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ အင်အားသုံးဖမ်းဆီးတာတွေလည်း ရှိလာကြောင်းသိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းအပတ်စဥ် (၁၆) သင်တန်းစတင်ပြီးတာ မကြာသေးတာကြောင့် (၁၇) စတင်ဖို့ကြိုးစားနေပြီလို့လည်း Rangoon Scout Network က ပြောပါတယ်။

“စစ်မှုထမ်းသင်တန်းက ၁၆ စပြီးပါပြီ။ ခုနောက်လ ထပ်လုပ်မှာက ၁၇ ပါ။ အခုတလောတော့ လူစုဆောင်းတဲ့ နောက်ဆုံးနေ့လိုသေးလို့ ထင်တယ်။ ဖမ်းတာတွေ နည်းပါသေးတယ်။ သင်တန်းစခါနီး လူလိုနေချိန်တွေဆိုရင်တော့ ဖမ်းတာတွေ တော်တော်ကြမ်းတယ်ပေါ့။ စက်တင်ဘာလလောက် စမယ် ထင်တယ်။ အဲ့မတိုင်ခင် လုပ်ကြပါလိမ့်မယ်။ အခုလည်း အဖမ်းအဆီးတွေက ရှိနေဆဲပါ” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မန္တလေးမြို့ ရပ်ကွက်ရုံးတစ်ခုရှေ့တွင် မြင်တွေ့ရသည့် အရပ်သားများ

အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ ဖမ်းဆီးရရှိထားတဲ့ လူငယ်တွေအပေါ် လိုသလောက် ငွေညှစ်လို့မရရင် စစ်သင်တန်းကျောင်းတွေဆီ တိုက်ရိုက်ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

“လှိုင်မြို့နယ်က ဘုရင့်နောင်စစ်ကြောရေးကို တဆင့်ခံပို့ပြီးမှ သင်တန်းကျောင်းတွေဆီ ပို့လေ့ရှိပါတယ်။ တချို့ တိုက်ရိုက်တန်းပို့တာတွေလည်း ရှိတယ်လို့ သိရပါတယ်ဗျ။” လို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က မတရားစစ်မှုထမ်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ လုပ်ဆောင်ခဲ့ကြောင်း သတင်းတွေထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းက စစ်မှုထမ်း အပတ်စဥ်ထဲ ပါသူတွေကို လှည်းကူးမြို့နယ်က ဖောင်ကြီး စခတ ၁ နဲ့ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ တတက ၁ တို့ဆီ အများဆုံး ပို့ဆောင်တာဖြစ်ပြီး အပတ်စဥ် (၁၆) အတွက် သင်တန်းကျောင်း ၂ခုပေါင်း အမျိုးသား ၄၀၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း စစ်အုပ်စုက မြို့နယ်တွေအလိုက် စစ်မှုထမ်းမဲနှိုက်ခိုင်းတာတွေကို ငလျင်အပြီး တကျော့ပြန် ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာနေပါတယ်။

လက်ရှိမှာ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ စတဲ့ မြို့နယ်တွေအပြင် ဝန်ထမ်းပေါများတဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းက ရပ်ကွက်တွေမှာပါ စစ်မှုထမ်းမဲနှိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

သြဂုတ်လ ၂၅ရက် နေ့လယ်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်နေအိမ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၆ယောက်ကို စစ်အုပ်စုက အင်အား၂၀ ကျော်နဲ့ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice Of Mandalay ကဖော်ပြပါတယ်။

Voice of Mandalay ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းမဲပေါက်တာ၊ ဧည့်စာရင်းစစ်ဖမ်းဆီးတာ၊ နာမည်အတိအကျနဲ့ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးမှုတွေကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရသူ အယောက် ၄၀ ကျော်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ CDM တွေ မကြာခဏ ဖမ်းဆီးခံနေရ

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် ဖြတ်သွားလာမှုပြုလုပ်နေတဲ့ CDM ဝန်ထမ်းတွေ နေ့စဥ်ဆိုသလို ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။