ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးခြင်း အောက်မေ့ဖွယ် (၁) နှစ်ပြည့်ထုတ်ပြန်ကြေညာချက်ကို ဗဟိုကော်မတီဝင် ရဲဘော်တစ်ယောက်က ရွတ်ဖတ်ခြင်း၊ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေ ဝမ်းနည်းဂုဏ်ယူခြင်းအထိမ်းအမှတ် ပန်းတွေနဲ့ ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲဘော်ကိုသန်းထိုက် ကျဆုံးခြင်း (၁) နှစ်ပြည့်အတွက် တပ်ဖွဲ့ရဲဘော်တွေက နှစ်လည်ဆွမ်းအဖြစ် နေ့ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဖိနှိပ်ခံပြည်သူလူထုဖက်က မားမားမတ်မတ်ရပ်တည်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကာ အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူးရဲဘော်ကိုသန်းထိုက်(ခ)ညီညီအတွက် တပ်တော်မှ ရဲဘော်ရဲ‌ဘက်တွေက ဝမ်းနည်းကြေကွဲရင်း ဂုဏ်ယူဝမ်းမြောက်စွာ စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နှစ်လ အတွင်း အကြမ်းဖက်စစ်သား ၁၆ ဦး ဖမ်းမိပြီး တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါ ၁၃ ဦး အလင်းဝင်ဟု SF/SAF ဆို

မကွေးတိုင်း၊ အမ်း-ပဒါန်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်း တွေက (၂)လအတွင်း စစ်သုံ့ပန်း (၁၆)ယောက်အထိ ဖမ်းဆီးရမိခဲ့ကာ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ် အဆင့်ရှိသူတွေ အပါ အလင်းဝင် ခိုလှုံလာသူ (၁၃)ယောက်အထိ ရှိခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံး‌တပ်တော် ( SF/SAF) သတင်းပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျားဖြန့်ကို စစ်တပ်နှင့် ပူးပေါင်းဖြိုခွင်းခြင်းက ပြဿနာ အရင်းခံကို မဖြေရှင်းနိုင်ဘဲ ပိုမိုဆိုးဝါးစေဟု KNU ပြော.. နိုင်ငံတကာ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများတွင် KNU ပူးပေါင်းဆောင်ရွက်ရန် ကတိပြု..

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဒေသတွင်း အလျင်အမြန် ပျံ့နှံ့လာနေတဲ့ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သတိထား နီးစပ်စွာ စောင့်ကြည့်နေခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။