ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂၈ ရက် မနေ့ နေ့လယ် ၁၂နာရီလောက်က အုတ်တွင်းကုန်းကျေးရွာအုပ်စု၊ ကြည်စုရွာက ပျူစောထီး ကိုဘိုကြီးကို သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံး ၁လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတစ်ယောက်တည်းရှိချိန် ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ ပစ္စတိုနဲ့ ရင်ဘတ်ကို ၂ချက် ပစ်ခတ်ခဲ့ပါတယ်။ ပြန်လည်ခုခံချိန်တော့ မရှိပါဘူး။ သူ့ဘေးမှာ လက်ပစ်သီး အဆင်သင့် ချထားပါတယ်။ သူ့ကို ပစ်ခတ်ရှင်းလင်းဖို့ လမ်းကြောင်းတွေ ရှုပ်နေလို့ အချိန်တော်တော်ကြာ ယူခဲ့ရပါတယ်” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုမိုးသီးက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး ကိုဘိုကြီး

ပျူစောထီး ကိုဘိုကြီးဟာ PDF တွေအကြောင်း လိုက်လံစုံစမ်းတဲ့အပြင်း စစ်မှုထမ်းကြေးဆိုပြီး အိမ်ထောင်စု တစ်စုစီကနေ တစ်လ ၆သောင်းကျပ် ကောက်ခံတာမျိုး လုပ်နေတာ ၃လကျော်လောက်ရှိပြီလို့ ပြောပါတယ်။ သူ့ကို ကြည်စုရွာသားတွေသာမက ရွာနားနီးစပ်က ဒေသခံတွေကပါ ကြောက်ရတယ်လို့လည်း ဆိုပါတယ်။

“သူလုပ်လို့ မရှိဆင်းရဲသား ငွေမလိုက်နိုင်သူတွေ ပေါ်တာနောက် ပါသွားတာများတယ်။ သူ့ကို သွားရောက်ရှင်းလင်းချိန် အခက်အခဲ မရှိပါဘူး” လို့ ကိုမိုးသီးက ဆက်ပြောပါတယ်။

ပျူစောထီး ကိုဘိုကြီးကို ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာခဲ့သလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့လည်း လိုက်လံပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။