စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL – PDF က ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ် ၂၇ ရက်က ကန့်ဘလူမြို့နယ် လွှဲဆိပ်ကျေးရွာအနီးရှိ PDF ရဲဘော်တွေကို လမ်းဖွင့်ပေးဖို့ တောင်းဆိုဆန္ဒပြကာ ထွက်ခွာသွားကြတဲ့ ကုန်ကားယာဉ်တန်းဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်နယ်မြေ အတွင်း ပိတ်ဆို့ခံရကာ စားနပ်ရိက္ခာပြတ်လပ်ပြီး PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်ယူချိန် PDF ရဲဘော်တွေက ပြည်သူလူထုဒုက္ခရောက်အောင် ဘယ်တော့မှာ မလုပ်ကြောင်းကို ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

Video – KBL – PDF

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျောက်ဆည်ခရိုင် တပ်ရင်း (၃) မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံထုတ်ပြန်

အမှတ်၅၁၅ တပ်ရင်း ကျောက်ဆည်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရဲ့ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်မှုအောက်ရှိ တပ်ရင်းဖြစ်ပြီး စစ်ရေးရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်ဆောင်ရွက်နေတဲ့ တပ်ရင်းဖြစ်သလို ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်နေတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျောက်ဆည်မြို့ မူကြိုကျောင်းပြိုကျမှုအတွင်း သေဆုံးသွားသည့် ဆရာမနှင့် ကလေးငယ်များကို ‌‌ရေစက်ချအမျှဝေပြီး အမိန့်စာပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က Bright Kids မူကြိုကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျမှုအတွင်း သေဆုံးသွားတဲ့ ကျောင်းဆရာမ၊ စျေးရောင်းသူအမျိုးသမီးနဲ့ ကလေး ၂၅ ယောက်အတွက် ဒီနေ့ ဧပြီ ၂ ရက်မှာ ရေစက်ချအမျှဝေပြီး အမိန့်စာပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံး အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေထံက ခြိမ်းခြောက်ငွေတောင်း အဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။