ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးခြင်း အောက်မေ့ဖွယ် (၁) နှစ်ပြည့်ထုတ်ပြန်ကြေညာချက်ကို ဗဟိုကော်မတီဝင် ရဲဘော်တစ်ယောက်က ရွတ်ဖတ်ခြင်း၊ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေ ဝမ်းနည်းဂုဏ်ယူခြင်းအထိမ်းအမှတ် ပန်းတွေနဲ့ ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲဘော်ကိုသန်းထိုက် ကျဆုံးခြင်း (၁) နှစ်ပြည့်အတွက် တပ်ဖွဲ့ရဲဘော်တွေက နှစ်လည်ဆွမ်းအဖြစ် နေ့ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဖိနှိပ်ခံပြည်သူလူထုဖက်က မားမားမတ်မတ်ရပ်တည်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကာ အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူးရဲဘော်ကိုသန်းထိုက်(ခ)ညီညီအတွက် တပ်တော်မှ ရဲဘော်ရဲ‌ဘက်တွေက ဝမ်းနည်းကြေကွဲရင်း ဂုဏ်ယူဝမ်းမြောက်စွာ စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA (9425) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မနေ့က ဒီမောဆိုးမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။