ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။

သြဂုတ်လ ၂၈ရက် နေ့လယ် ၂နာရီကျော်လောက်မှာ ကြို့ပင်ကောက်မြို့က စစ်ကော်မရှင်တပ်သားတွေဟာ ဖောကား ၄စီးနဲ့ ကျေးရွက်တွေဘက် စစ်ကြောင်းထိုးလာပြီး သူတို့ကို လုံခြုံရေးယူပေးတဲ့အနေနဲ့ အလယ်ကုန်းရဲစခန်းကနေ ဒေါင်းစပါးကွင်းရွာဘက်ကို ၁၂၀ မမ လက်နက်ကြီး ပစ်ကူပေးခဲ့သလို ဒရုန်းနဲ့လည်း ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီလောက်မှာတော့ အဆိုပါ စစ်ကြောင်းကြောင့် စက်ဘီးနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ သားအမိ ၂ ယောက်ကို စစ်ကော်မရှင်တပ်က ဒရုန်းတွေနဲ့ လိုက်လံဗုံးကြဲခဲ့လို့ သားအမိ ၂ ယောက်လုံး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အခုသေဆုံးသွားတဲ့ သားအမိ ၂ယောက်ကလည်း စစ်ရှောင်ပြေးတာပါပဲ၊ ဒရုန်းက သူတို့တည့်တည့်ကို လိုက် ချတာပါပဲဗျ၊ ပြည်သူမှန်းသိသိနဲ့ လုပ်တာ.. သူတို့ ဖက်ဆစ်စစ်တပ်အတွက်က မထူးဆန်းတော့ပါဘူး၊ သူတို့က လက်နက်ကြီးတွေရော၊ ဒရုန်းတွေနဲ့ပါ ချနေတာ ” လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) တပ်ခွဲမှူး ကိုကရင်လေးက မောင်းကို ပြောပါတယ်။

စစ်ရှောင်သားအမိ စီးနင်းခဲ့သည့် စက်ဘီး

စစ်ကော်မရှင်တပ်ဟာ မြို့နဲ့နီးတဲ့ ကျေးရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်တဲ့ရွာတွေလို့ စွပ်စွဲပြီး မြို့ပေါ်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ လက်ရှိ ကျီစုရွာထဲမှာ အထိုင်ချထားတဲ့အတွက် ဒေါင်းပါးကွင်းရွာ၊ ဒေါင်းလေးရွာ၊ ကွေ့ချောင်းကြီးရွာ၊ ကွယ်ကျယ်ရွာ၊ ကြို့ကိုးပင်ရွာ၊ ကိုင်ကြီးရွာ၊ ကိုင်းကလေးရွာ၊ ကျီစုရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ကျနော်တို့ ရှေ့ပွိုင့်တွေအထိတော့ တိုးမလာဘူးဗျ၊ အဝေးကနေပဲ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဗျ၊ ကြားထဲက ပြည်သူက သက်သက်မဲ့ သေဆုံးရတာ၊ လက်ရှိအချိန်လည်း မြေပြင် စစ်ကြောင်းထိုးမလာသေးပေမယ့် ဒရုန်းတွေနဲ့တော့ ချနေတယ်၊ ပြည်သူတွေ လူစုလူဝေး မလုပ်ဖို့လည်း သတိထားရမယ်ဗျ” လို့ အထက်ပါ တပ်ခွဲမှူးက ဆက်ပြောပါတယ်။

သြဂုတ် ၂၀ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့ပေါ်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲခဲ့လို့ သရက်ကုန်းကျေးရွာက နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး ဇနီးမောင်နှံ ၂ ယောက်လည်း သေဆုံးသွားခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

သရက်ခရိုင်အတွင်း စစ်ကောင်စီက ကာမီကာဇေအသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ

သရက်ခရိုင်အတွင်းက တိုက်ပွဲတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာကြောင်း သရက်ခရိုင်၊ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။