ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် ပြည်သူ ၄ သောင်းကျော်ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စအတွက် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံအစိုးရထံ ကျေးဇူးတင်လွှာပေးပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကိုယ်စား ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံအစိုးရထံ သြဂုတ်လ (၂၇) ရက်မှာ ကျေးဇူးတင်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မြန်မာစစ်ဘေးရှောင်ပြည်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရနဲ့အတူ လက်တွဲဆောက်ရွက်ဖို့ အသင့်ရှိနေကြောင်း ထည့်သွင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်က နယ်စပ်ဒုက္ခသည်စခန်းတွေရှိ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုဖို့ ပထမဆုံးအကြိမ် အဖြစ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ၄၂၀၀၀ ခန့် ထုတ်ပေးသွားမယ့်အကြောင်း မူအားဖြင့် သဘောတူလိုက်တာဖြစ်ပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ လက်ရှိ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ Phumtham Wechayacha က အဆိုပါ အဆိုပြုချက်ကို လက်မှတ်ရေးထိုးထားပြီး ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်သလို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ထိုင်းဘုရင်ထံ ပေးပို့ပြီး ထိုင်းဘုရင် လက်မှတ်ရေးထိုးအတည်ပြုပြီးရင် အသက်ဝင်လာမယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံထဲက ကမ္ဘောဒီးယားလုပ်သားတွေ နေရပ်ပြန်သွားပြီးနောက် လုပ်သားလိုအပ်ချက် ရှိနေသလို မြန်မာနိုင်ငံသားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်စေတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် တစ်သိန်းကျော် နေထိုင်နေပြီး ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရက ဒုက္ခသည်တွေအတွက် ကျန်းမာရေးအကူအညီတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတာတွေကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရပ်ဆိုင်းလိုက်တာကြောင့် ဒုက္ခသည်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စင်တင်ဘာလအတွင်း PDF နဲ့ပကဖ တွေပူးပေါင်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်ဟု PDF Insight က ထုတ်ပြန်

စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။
Read More

စလင်းကို စစ်ကောင်စီ ကုန်းကြောင်းလေကြောင်း အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေ၊ ၁၂ ရက်ကြာ ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းကြောင့် နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရက်အတန်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အင်အား ဆယ်ဂဏန်းခန့် သေဆုံးခဲ့တယ်လို့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။