စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၀ ရက် ညနေပိုင်းက မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့ရဲ့ စီစဥ်မှုနဲ့ မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၁၀ ယောက်ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုနဲ့ မုံရွာမြို့နယ်ပကဖ၊ မုံရွာ တိုက်နယ် (၂) ပကဖ၊ မုံရွာ တိုက်နယ် (၃) ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ Danger Force နဲ့ ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNG စစ်ကြောင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yae Nagar

0 Shares:
You May Also Like
Read More

ဒေါက်တာစိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး ဘယ်လောက်အရေးကြီးလဲ (ရုပ်/သံ)

သွားနဲ့ ခံတွင်းဆရာဝန်ဒေါက်တာ စိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး အရေးကြီးတဲ့ အကြောင်းကို ယခုလိုပဲ ပြော ကြားခဲ့ပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်ကို လမ်းဖောက်မယ်

ရန်ကုန် PDF နဲ့ ရန်ကုန် ပကဖ တို့ အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်ကြမယ့် ရန်ကုန်သို့ လျှောက်သောလမ်း "Road to Rangoon" Campaign ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။ 
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။