ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားစဉ် ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force – Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ မြေဖို့ဝှက်ထားခဲ့တဲ့ MA 1 သေနတ် (‌၃) လက်၊ ၄၀ မမ ဗုံးသီး(၆) လုံးနဲ့ အခြားလက်နက်ဆက်စပ်ပစ္စည်းတွေ ကို CDF-Mindat ရဲ့ စစ်ဦးစီးချုပ်ရုံးမှာ လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေကို တာဝန်သိစွာ လာရောက်အပ်နှံခဲ့တဲ့ ပြည်သူတွေကို ဆုကြေး‌ငွေတွေ ချီးမြှင့်ခဲ့တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နဲ့ ၂၄ ရက်နေ့ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ မြေဖို့ဝှက်ထားခဲ့တဲ့ သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့သေးတယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂုတ်ထိပ်တံတား အပါအဝင် သိမ်းပိုက်နယ်မြေများအား TNLA တပ်မှူးနှင့် PDF ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားအပါအဝင် သိမ်းပိုက်နယ်မြေများကို တအာင်းတပ်မတော် PSLF/TNLA တပ်မှုး ဒုတိယဗိုလ်မှူးကြီး တားခြိူဝ်မျိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ခရိုင်မှူး ကိုကောင်းတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ PDF ကျောက်မဲခရိုင်တပ်ရင်းက ယမန့်နေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို လက်ပစ်ဗုံးများ၊ ပြင်းအားမြင့် မိုင်းများဖြင့် မြို့ပြကြွက် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။