အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကိုဟာ မိဘတွေ အဆင်မပြေတဲ့အတွက် ကျောင်းပိတ်ရက် စပါး ထွက်ထမ်းခဲ့ရာကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ဥတ္တူကျေးရွာကနေ စော်ဖျားကျေးရွာ၊ မိုးရွှေကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ လိုက်ပါလာခဲ့ပြီး ပြည်သူလူထူရဲ့ နေအိမ်တွေကနေ ပစ္စည်းခိုးယူလုယက်တာ၊ နေအိမ် တွေ မီးရှို့ဖျက်ဆီးတာတွေ တွေ့မြင်ရပြီးနောက် ထားခရိုင်အမှတ် (၂)တပ်ရင်းထံ အလင်းဝင် ရောက်လာခဲ့ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်အတွင်းရှိနေစဉ် အချင်းချင်းအနိုင်ကျင့်တာ၊ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ တပ်သားအချင်းချင်း သတ်ဖြတ်မှုတွေရှိကြောင်း သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်ပြောပြခဲ့ပါတယ်။

Video – ထားဝယ်ခရိုင်အမှတ်_၂တပ်ရင်း

0 Shares:
You May Also Like
Read More

တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော် မုန်တိုင်း စျာပန (ရုပ်/သံ)

ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေတွင် ထွက်ပြေးလွတ်မြောက်လာသည့် ခလရ (၅၆၁) တပ်သား- မောင်ကျော်သူ၏ ပြောကြားချက် (ရုပ်/သံ)

''ကားမောင်းတဲ့အလုပ်လုပ်တယ်။ အိမ်ပေါ်မှာပဲ ပေါ်တာဆွဲခံရတာ။ ညပိုင်းအချိန် ရွာတွေထဲဝင်တော့ ရှောင်နေတာ။ မနက်ပိုင်းကျ ငြိမ်ပြီးဆိုပြီးတော့ အိမ်ပြန်အိပ်တာ အိမ်ပတ်ချာလည်ဝိုင်းထားတာ။ ဘယ်မှပြေးမရတာ့ဘူး။ အဲဒါပြည်စုဆောင်းရေးကို ပို့ခံရတာ။ အနိုင်ကျင့်တာတော့ အမျိုးမျိုးပဲ။ သူတို့မူးရင် အကုန်တန်းစီခိုင်းတယ်။ အပြစ်မရှိ အပြစ်ရှာရိုက်တယ်။ အချို့ကောင်တွေက ယောင်ကိုင်းလို့ ထမင်းတောင် မစားနိုင်ဘူး''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား- ရန်လင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဖြူးမြို့နယ် ကညွတ်ကုန်းမြို့ ကျနော့်မိန်းမရဲ့ သရက်တောကျေးရွာကို သွားလည်တာ။ အဲ့မှာ ပေါ်တာမိလာခဲ့တယ်။ သင်တန်းကျောင်းမှာ ၃ လကြာတယ်။ . . . နောက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ ဒီဘက်ကို အလင်းဝင်လာလို့ရှိရင် စကစ‌အကြီးအကဲတွေ ပြောသလိုမျိုး ဒီမှာ သတ်ဖြတ်မှုမရှိဘူး။ ညီအစ်ကိုတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်။ ကျနော် ဒီမှာ အလင်းဝင်နေတာ တစ်နေ့ကျ အိမ်ကို ပြန်ခဲ့ပါမယ်''
Read More

အာရက္ခတပ်တော် (AA)က ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ (၃၃၈) တပ်သား ဝေယံထွန်း ၏ပြောကြားချက် (ရုပ်/သံ)

''ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်က သူငယ်ချင်း ၂ ယောက်အပြင်သွားတဲ့ အချိန်မှာ ပေါ်တာဆွဲခံရတာ။ ဆိုင်ကယ်လိုင်စင်ဖမ်းတာ လိုင်စင်မရှိလို့။ သူငယ်ချင်းကို ပြန်လွှတ်လိုက်ပြီး ကျနော့်ကို အချုပ်ထဲမှာ ၂ ရက်ထားတယ်။ တောင်ငူစုဆောင်းရေး မြို့သစ်ကို ပို့တာ။ ညဆိုရင် ကင်းစောင့်ခိုင်းပြီးတော့ တခါတလေကျရင် ညဆို တစ်ညလုံး ကင်းစောင့်ခိုင်းတယ်။ အနားလည်း မပေးဘူး။ ထမင်းကျ ဝဝဖြိုးဖြိုးလည်း မစားရဘူး။ တညလုံးကင်းစောင့်ပြီး နေ့ခင်းကျတော့လည်း ပေးမအိပ်ဘူး။ အိပ်ငိုက်တော့လည်း နောက်က လေးခွနဲ့ပစ်ခံရတယ်။ စစ်တပ်ထဲက ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မရပါဘူး။ ဒါပေမယ့် အခုက ၂၅ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက်က အခွင့်အရေးရခဲ့တယ်။ အခွင့်အရေးရပြီးတော့ ကျနော်တို့ ထွက်ပြေးလာတယ်။ လက်နက် တစ်ယောက်တစ်လက်ပါတယ်၊ ခဲယမ်းတွေလည်း ပါတယ်"