စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက် ညပိုင်းက ဘုတလင်မြို့ပေါ်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းကို ပဲပြစ်တောအရှေ့ဘက်အရောက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ပဲပြစ်တောကို ထွက်လာကြတာ၊ ည ၇ နာရီလောက်မှာ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ အသာစီးရခဲ့လို့ လက်နက်အတော်အသင့်ရပြီး သူတို့ဘက် သေတာတွေရှိခဲ့ပါတယ်။ ၁ နာရီဝန်းကျင်လောက်တော့ ပွဲက ကြာခဲ့ပါတယ်”လို့ ဗမာ့တပ်တော် (BA) ရဲ့ ပြန်ကြားရေးနှင့်ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး အကြမ်းဖက်စစ်သားတွေဆီက MA-1 နဲ့ MA-11  သေနတ် ၁ လက်စီအပြင် ခဲယမ်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်၊ တပ်ပေါင်းစုစစ်ကြောင်းဖြစ်တဲ့ ဗမာ့တပ်တော် (BAMAR ARMY) နဲ့အတူ အမှတ်(၂) စစ်ဦးစီးကွပ်ကဲမှုရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၅၀၅) တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း (၂၀) BOB တပ်ရင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်မျက်လုံးတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရွှေဘိုခရိုင် တပ်ရင်း (၉)၊ တပ်ရင်း (၁၂)၊ ဗျူဟာ (၅၃)၊ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်၊ Depeyin Local Mobile Team အဖွဲ့၊ အနောက်မြောက်လွင်ပြင် Galaxy Force၊ ဖီးနစ်တပ်ခွဲ၊ ရေဦးမြို့နယ်ပကဖနဲ့ ကနောင်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ စစ်ကြောင်းက ပြန်ဆုတ်သွားပြီ။ ဒါပေမယ့် ဇီးတောရွာထဲ ပက်မွှေနေတယ်ကြားတယ်။ အင်အားကတော့ ၁၅၀-၂၀၀ ဝန်းကျင်လောက်မှာရှိပါတယ်” လို့ ဗမာ့တပ်တော် (BA) ရဲ့ ပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက မောင်းကိုပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနေ 

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မိုးညိုမှာ စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ် ၃၀ နီးပါး ဖမ်းခံထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။