နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်ကတည်းက မိုးအဆက်မပြတ် သည်းကြီးမဲကြီး ရွာသွန်းခဲ့ရာကနေ နောက်တရက် ဩဂုတ် ၂၇ ရက် မနက် ၂ နာရီအချိန်မှာ တောင်ကျရေတွေ စီးဆင်းလာပြီး တောင်စောင်းမှာ တည်ဆောက်ထားတဲ့ လူနေအိမ်တွေဟာ တောင်ကျရေကြောင့် ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။

တောင်ကျရေဟာ မနက် ၂နာရီမှာ ရုတ်တရက် စီးဆင်းလာကြောင့် နေအိမ်အတွင်း အိပ်ပျော်နေတဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အိမ်တွေက တောင်စောင်းမှာ ဆောက်ထားကြတဲ့ အိမ်တွေ၊ အပေါ်က အိမ်က ပလက်လန်ပြီးတော့ အောက်ဘက်က အိမ်ကို ပိသွားတာ၊ အဲ့ထဲမှာ အမျိုးသမီး ၁ဦးရဲ့ အလောင်းကို ပြန်ဆယ်လို့ရတယ်။ ပိသွားတဲ့ တထပ်တိုက်ကတော့ Foundation ပဲကျန်တယ်ပေါ့နော်… ဘာမှမရှိတော့ဘူး။ အိမ်ထဲမှာက သားအမိ ၂ယောက် အိပ်နေတာကို သားဖြစ်သူရဲ့ အလောင်းက အပျက်အစီးတွေကြားထဲကနေ ပြန်ရတယ်။ အမေကတော့ ဆေးရုံတက်နေရတယ်” ကယ်ဆယ်ရေးမှာ ပါဝင်လုပ်ကိုင်ခဲ့သူက မောင်းကို ပြောပါတယ်။

သေဆုံးသူ၂ယောက်ထဲမှာ အမျိုးသမီးက အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး အမျိုးသားကတော့ အသက် ၂၀ ကျော်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

“အိမ် ၄လုံးက အနိမ့်အမြင့်လေး ဆောက်ထားတာ၊ အိမ်နားမှာက စမ်းချောင်းလေးရှိတယ်။ အဲ့ကနေ တောင်ကျရေတွေ အလုံးအရင်းနဲ့ ဆင်းလာတာ၊ ပထမတစ်အိမ်က လွတ်သွားတယ်… နောက်တစ်အိမ်ကျတော့ ဆည်ကျိုးသလိုကို အပေါ်မှာ ရေတွေ ဝပ်နေပြီး အိမ်တွေပေါ်ကို အလုံးလိုက် ဆင်းလာတာ၊ အဲ့လိုဆိုတော့ အိမ်တွေက မလွတ်တော့ဘူး ဖြစ်သွားတာ” လို့ ဖြစ်စဉ်ကို သိရှိနေတဲ့ ဒေသခံတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။

ကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ ရေဘေးရှောင်ပြည်သူတွေကို ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ကာ လက်ခံထားရှိခဲ့ပြီး လက်ရှိမှာတော့ ရေတွေ ပြန်ကျသွားပြီ ဖြစ်တာကြောင့် နေရပ်ပြန်သူတွေလည်း ရှိနေပြီလို့ သိရပါတယ်။

အလားတူ နေပြည်တော် တပ်ကုန်းမြို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဧဒင်ကျေးရွာ ပျက်စီးမှု အခြေအနေများ (ဓာတ်ပုံ Thein Than Aung)

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

နတ်မောက်တွင် အကြမ်းဖက်စစ်ကြောင်း ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းခွဲထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။