ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၂၆ ရက် ည ၇ နာရီခွဲလောက်မှာ ဖားကန့်ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ အရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၂ ပါး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၁၂ ဝန်းကျင်မှာလည်း ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို လုံးခင်းကျေးရွာအုပ်စု ဆွတ်အိန်ယာန် (အလယ်စခန်း) ဘက်ကိုလည်း လက်နက်ကြီး ထပ်မံကျရောက်ခဲ့တာကြောင့် အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၁ယောက် ဒဏ်ရာရခဲ့ပါတယ်။

“အဲ့နေ့က တိုက်ပွဲမရှိပါဘူး။ ညဘက် စကစတွေ တပ်စွဲ တပ်ချရာ နေရာတွေကနေ ပတ်ရမ်းပစ်ရာကနေ အရပ်သားတွေ ထိခိုက်မိတာပါ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် သြဂုတ်လ ၁၄ ရက်နေ့ကလည်း ရှရော်ခကျေးရွာ ရဝမ်ကုန်းက ပြည်သူတွေရှိရာနေရာကို ကျရောက်ပေါက်ကွဲပြီး Grade 10 ကျောင်းသားတစ်ယောက်အပါ ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဖားကန့်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်က အင်အားများလာတဲ့အတွက် အရင်လို စခန်းထဲက မထွက်တာမျိုး မဟုတ်တော့ဘဲ မြို့ပေါ်နဲ့ ရွာထဲတွေကို ပေါ်တာဝင်ဆွဲတာတွေ ရှိလာတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၇ ရက် ညနေ ၄ နာရီလောက်ကလည်း မှော်ဝမ်းရပ်ကွက်က ချမ်းမြေ့တည်းခိုခန်းကနေ အမျိုးသား ၂ ယောက်ကို ကား ၃စီးနဲံ လာရောက်ဆွဲခေါ်သွားသေးတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းမည်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) တိုက်ခိုက်ရေးအဖွဲ့ကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ပါတယ်။