တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အကြမ်းဖက် မင်းအောင်လှိုင်ဟာ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း မင်းအောင်လှိုင်က တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) ကို တက်ရောက်မယ့်အပြင် ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို တရုတ်နိုင်ငံက အထင်ကရနေရာတွေ၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်ရှုလေ့လာသွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံအပါအဝင် ရုရှား၊ ဘီလာရုစ်နိုင်ငံတွေက စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုတွေကို သုံးကာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကူညီပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်တွင် မဲရုံနှင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မဲရုံနေရာကို ပြောင်းရွှေ့ စစ်အုပ်စုက သေဆုံးသွားသည့် ၄င်းတို့၏စစ်သားအလောင်းများကို ဖြစ်သလိုမီးရှို့ပြီး စစ်တောင်းမြစ်ထဲကို မျှော

"စစ်တပ်က သေဆုံးအလောင်းတွေကို စစ်တောင်းမြစ်ထဲမျောတယ်။ မီးရှို့လိုက်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ရေထဲမျောနေတာ ၁လောင်းတွေ့တယ်။ လွှင့်ပစ်လိုက်တာနဲ့တူတယ်" လို့ နေပြည်တော် PDFတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။