မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပခုက္ကူကနေ ပုဂံမြို့သစ်ဘက်ကိုလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်ကို စစ်အုပ်စုကင်းပုန်းက ပစ်ခတ်ရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က ပြောပါတယ်။

“ပခုက္ကူဘက်က ရဲဘော်တွေ လမ်းကြောင်းလာရင်း ပုဂံမြို့သစ်လမ်းဆုံ ရဲစခန်းအနီးက ဂိတ်နားမှာ ဖြစ်တာပါ။ အလက်တွေနဲ့ ဆိုင်ကယ်နဲ့ ဖြတ်သွားတာတွေ့လို့ စခ တွေဘက်က လှမ်းပစ်ရင်းဖြစ်တာ။” လို့ ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီဖြစ်စဥ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပိတ်မိခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာသလို စစ်အုပ်စု ဘက်က ၂ယောက်သေဆုံးတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

“ကျနော်တို့ဘက်တော့ တိတိကျကျ သတင်းတော့ ရောက်မလာသေးပါဘူး။ ပစ်ခတ်မှုဖြစ်တာတော့ ဟုတ်ပါတယ်။ ” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကလည်း မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုက ပုဂံမြို့ဝင်မြို့ထွက်နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကလည်း ပုဂံမြို့သစ်၊ ဂန့်ဂေါရပ်ကွက်က ဓမ္မာရုံမှာ အစည်းအဝေးလုပ်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အခုနှစ်အတွင်း ညောင်ဦးမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာပေမယ့် မြို့ပေါ်မှာတော့ တော်လှန်ရေးနဲ့ အလှမ်းဝေးအောင် လုပ်ဆောင်ထားတယ်လို့လည်း ညောင်ဦးအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရ… ဘီးလင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်လုပ်အသေခံဒရုန်းတွေနဲ့ပါ ပြည်သူတွေကို တိုက်ခိုက်…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း (၈၀၀၁) နှင့် ဒရုန်းတပ်ဖွဲ့ (၁၈၁၉) တို့ကို အတည်ပြုတိုးချဲ့ဖွဲ့စည်း

မြန်မာ့နွေဦးတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်အောင်မြင်နိုင်ရေးအတွက် အင်အားသစ်တွေ စုစည်းခိုင်မာရေးက အဓိကအကျဆုံး အချက်ဖြစ်တာကြောင့် အထူးတိုင်းစစ်ဌာနအနေနဲ့ တပ်ရင်း (၈၀၀၁) Ye Guerrilla Force (YGF) နဲ့ ဒရုန်းတပ်ဖွဲ့ (၁၈၁၉) Flying Focus Drone Force (FFDF) တို့ကို အတည်ပြုတိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။
Read More

ဆင်ကော်နယ်မြေရဲစခန်းနှင့် စ​​စ်ကူများကိုတိုက်ခိုက်မှုအတွင်း ကား ၁ စီးနှင့် ဒရုန်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သရက် PDF ပြော

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ရှောင်ပြည်သူများနှင့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေတစ်နေရာအတွင်း ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း သူနာပြုနဲ့ ကျန်းမာရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။