ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိ ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး အရာရှိနေအိမ်နဲ့ ဘားတိုက်တခြမ်း မီးလောင်ပျက်စီးသွားကြောင်း Brave Warriors for Myanmar က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က တောင်းပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ထဲကို Brave Warriors for Myanmar နဲ့ ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံး သွားရောက်ပစ်ခတ်ရာမှာ ၄ လုံး ပစ်ခတ်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ ထိမှန်ခဲ့တာကြောင့် အရာရှိနေအိမ် ၁လုံးနဲ့ စစ်တပ်လူပျိုဘားတိုက် တခြမ်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အရာရှိ ၂ယောက်နဲ့ တခြားအဆင့်စစ်သည် ၄ ယောက်လည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီ၊ ကရင်နဲ့ ရှမ်းတောင်ဒေသတွေမှာ တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေရဲ့ ဌာနချုပ်ဖြစ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တိုက်ခိုက်ရတာဟာ စစ်ရှုံးကော်မရှင်ရဲ့ စစ်တိုင်းဌာနချုပ်တွေကိုပါ ကာကွယ်နိုင်စွမ်းမရှိတဲ့အချက်ကိုပါ ပေါ်လွင်စေခဲ့တယ်လို့ Brave Warriors for Myanmar တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထိခိုက်ပျက်စီးမှုတွေဟာ BWM ရဲ့ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေဆီက ရရှိတဲ့ တူညီတဲ့ အချက်အလက်တွေကို စိစစ်ရေးထုတ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“အခက်အခဲကတော့ လမ်းခရီးနဲ့ ရာသီဥတုအခြေအနေပါပဲ။ တပခမှာ ပစ်ပြီးပြီးချင်း မကြာခင်မှာပဲ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါ လိုက်ရှာပါတယ်” လို့ Brave Warriors for Myanmar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar က Mission 45 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ တစ်မနက်တည်းမှာပဲ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဘုရင့်နောင် တိုက်ခိုက်ရေး (ကြည်း) ကျောင်းကို BWM နဲ့ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၉လုံး သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု-SFT ၏ စစ်သင်တန်းတက်ရောက်မှုနှင့် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT အနေနဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ခု ပေးထားခဲ့ရာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ သင်တန်း(၃)လတာ ကာလအတွင်း အခြေခံစစ်ပညာတွေ လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းကာလ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။