မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၈ ရက် ဒီနေ့မနက် မြန်မာစံတော်ချိန် ၄ နာရီ ၃၆ မိနစ်အချိန်မှာ မန္တလေးမြို့ရဲ့ မြောက်ဘက် ၆၃ ကီလိုမီတာခန့်အကွာ စဉ့်ကူးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၃၉ ကီလိုမီတာအကွာ၊ မတ္တရာမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၁ အဆင့် အင်အားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ဖို့လည်း NUG ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်အုပ်စုကားများကို သရက်-မင်းလှလမ်းပိုင်းတွင် ခြုံခိုတိုက်ခိုက်၊ စစ်သား ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရပြီး ကားများ မောင်းပြေး

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ခြုံခိုတိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်အထိ ရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့မှာ မြို့နေပြည်သူဆီကို မြို့နယ် ပကဖ က စစ်သတင်းလွှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံပြည်သူလူထုဆီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အပတ်စဥ်ထုတ်ဝေနေတဲ့ စစ်သတင်းလွှာတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအဖွဲ့၊ သတင်းတာဝန်ခံရုံးအဖွဲ့ နဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ ရုံးအဖွဲ့တို့ ပူးပေါင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။