ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၂၆ ရက် ည ၇ နာရီခွဲလောက်မှာ ဖားကန့်ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ အရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၂ ပါး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၁၂ ဝန်းကျင်မှာလည်း ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို လုံးခင်းကျေးရွာအုပ်စု ဆွတ်အိန်ယာန် (အလယ်စခန်း) ဘက်ကိုလည်း လက်နက်ကြီး ထပ်မံကျရောက်ခဲ့တာကြောင့် အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၁ယောက် ဒဏ်ရာရခဲ့ပါတယ်။

“အဲ့နေ့က တိုက်ပွဲမရှိပါဘူး။ ညဘက် စကစတွေ တပ်စွဲ တပ်ချရာ နေရာတွေကနေ ပတ်ရမ်းပစ်ရာကနေ အရပ်သားတွေ ထိခိုက်မိတာပါ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် သြဂုတ်လ ၁၄ ရက်နေ့ကလည်း ရှရော်ခကျေးရွာ ရဝမ်ကုန်းက ပြည်သူတွေရှိရာနေရာကို ကျရောက်ပေါက်ကွဲပြီး Grade 10 ကျောင်းသားတစ်ယောက်အပါ ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဖားကန့်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်က အင်အားများလာတဲ့အတွက် အရင်လို စခန်းထဲက မထွက်တာမျိုး မဟုတ်တော့ဘဲ မြို့ပေါ်နဲ့ ရွာထဲတွေကို ပေါ်တာဝင်ဆွဲတာတွေ ရှိလာတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၇ ရက် ညနေ ၄ နာရီလောက်ကလည်း မှော်ဝမ်းရပ်ကွက်က ချမ်းမြေ့တည်းခိုခန်းကနေ အမျိုးသား ၂ ယောက်ကို ကား ၃စီးနဲံ လာရောက်ဆွဲခေါ်သွားသေးတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

ကျိုင်းတုံမြို့အနီး တစ်ရက်အတွင်း ငလျင် ၄ ခါ လှုပ်ခတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဇူလိုင် ၁၄ ရက် မနေ့ကတစ်ရက်အတွင်း ရစ်ချက်တာစကေး ၄ နဲ့အထက် ပြင်းအားရှိ ငလျင် ၄ ခါလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။