မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၆ ရက်မှာ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲစခန်းဂိတ်မှာရှိတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို RED GIANT အဖွဲ့၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)နဲ့ ဂဠန်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – RED GIANT

0 Shares:
You May Also Like
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၉/၂၀၂၅”

“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကျပ်အတည်းပြေလည်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်”
Read More

ပုလဲမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်သူ့ဘန်ကာများ ဖြိုချနိုင်ဖို့ မဟူရာ‌ရွှေဘိုသား PDF မှ RPG ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရွှေဘိုခရိုင်တပ်ရင်း ၄ လက်အောက်ခံ မဟူရာရွှေဘိုသား PDF က RPG ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့အထွက်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ချောင်းဦး-ပခုက္ကူလမ်းမကြီး လမ်းဆုံမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။