တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ်အတွင်း သြဂုတ် ၁၂ ရက်ကနေ သြဂုတ် ၂၅ ရက် အထိ ၁၄ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ဥတ္တူရွာ၊ စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတို့က နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ်ရှိ ရွှေငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဥတ္တူကျေးရွာက နေအိမ် ၁ လုံး၊ စော်ဖျားကျေးရွာက နေအိမ် ၃၅ လုံးနဲ့ မိုးရွှေကုန်းကျေးရွာက နေအိမ် ၁၅ လုံး၊ စုစုပေါင်း နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မိုးရွှေကုန်းရွာနဲ့ စော်ဖျားရွာက အသက် (၇၀) ကျော်အရွယ် အမျိုးသား ၂ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Video – ထားဝယ်ခရိုင်အမှတ်-၂တပ်ရင်း

0 Shares:
You May Also Like
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို စစ်ကူလာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းဆီ စစ်ကူပေးဖို့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်- ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။