တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်‌ကျေးရွာအုပ်စုအတွင်း ဩဂုတ်လ (၂၅)ရက်က သရက်ချောင်းမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စော်ဖျားကျေးရွာနဲ့ မိုးရွှေကုန်းကျေးရွာအတွင်း ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်က စော်ဖျားကျေးရွာရှိ ပြည်သူနေအိမ်အလုံး (၆၀‌‌) နဲ့ ‌‌မိုးရွှေကုန်း ကျေးရွာရှိ ပြည်သူနေအိမ် (၁၅) လုံးကို မီးရှို့ခဲ့တဲ့အပြင် မိုးရွှေကုန်းရွာသား ၂ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်ရုံးတပ်မှာပါ၀င်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်နေပြီး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံဖို့ပြော

စစ်ကောင်စီတပ်ရဲ့ လက်ရုံးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ ဗိုလ်လောင်းရွေးချယ်မှုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ က စစ်တက္ကသိုလ်ဗိုလ်လောင်း(D.S.A)အမှတ်စဉ်(၆၇) စစ်လက်ရုံးရွေးချယ်ပွဲနဲ့ နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း(D.S.T.A) အမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ရွေးချယ်ခဲ့တာပါ။
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုံးပမ်းနေသည့် ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း၊ တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့

"သူ့အိမ်က နေပြည်တော် တောင်တွင်းကြီး ရထားလမ်းပိုင်း၊ အိုးပေါက်ဘူတာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာပါ။ ကားနဲ့ဆို တောင်တွင်းကြီး-ဆပ်သွား လမ်းမကြီးဘေးပေါ့။ အိုးပေါက်ရွာက လူငယ်တွေ၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်ထဲ အတင်းခြိမ်းခြောက်ပြီး သွင်းထားတယ်။ အဲ့ဒါကြောင့် သူ့အိမ်ကိုရှင်းတော့ ပြည်သူ့စစ်အင်္ကျီတွေ အများကြီးတွေ့ခဲ့ပါတယ်။ အနီးနားက ရွာတွေကိုလည်း ရွေးကောက်ပွဲ လုပ်ဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ လက်နက်တင်ပေးဖို့ လုံးပန်းနေတာပါ။" လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃၅ ဦး သေဆုံး၊ လက်နက်များစွာ တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။