တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၀ ရက်နီးပါး ကြာမြင့်လာခဲ့ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၁၉) ရက် ညနေ ၆ နာရီခန့်မှာ စစ်တပ်ရဲ့ ခလရ-(၂၈၂) တပ်ရင်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းကို ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာကြားမှာ ညီနောင်တပ်ဖွဲ့နဲ့ တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဟာ (၂) နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ်လ (၂၀) ရက်၊ (၂၂) ရက်နဲ့ (၂၃) ရက်နေ့တို့မှာလည်း ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာ အနီးကို ထပ်မံ စစ်‌ကြောင်းထိုးလာ‌တဲ့ ခလရ (၂၈၂) က အင်အား (၈၀)‌ ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထပ်မံ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ (၂၄)ရက်မှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းဟာ မရမ်းချောင်းကျေးရွာကနေ မိုင် (၆၀) ကျေးရွာကို ထပ်မံစစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ (၂၄) ရက်နေ့ တရက်တည်းမှာပဲ တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ (၂၅) ရက် မနက် (၉) နာရီဝန်းကျင်မှာ စစ်တပ်က ရေဖြူမြို့နယ် အမှတ် (၈) ပြည်ထောင်စုလမ်း‌‌မဘေးရှိ သာယာမွန်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ညီနောင်တပ်ဖွဲ့က ဒရုန်းတွေဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ရေဖြူဒေသမှာဆိုရင် စကစဘက်ကနေ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်ပြုလုပ်နေတာ ဖြစ်တယ်ပေါ့နော်။ အခုထိလည်း စစ်ရေးအခြေအနေက တင်းမာနေဆဲ ဖြစ်ပါတယ်” လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က (၃၆) ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ခမရ (၄၀၉) က ဗိုလ်မှူးတစ်ယောက် အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကိုတော့ ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) က ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)နဲ့ ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်-ပေါက်အစပ် နယ်သတ်ရွာကို စစ်အုပ်စု အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ သမီးဖြစ်သူ သေဆုံးပြီး မိခင် ဒဏ်ရာရ

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နယ်သတ်ရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။