တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အကြမ်းဖက် မင်းအောင်လှိုင်ဟာ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း မင်းအောင်လှိုင်က တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) ကို တက်ရောက်မယ့်အပြင် ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို တရုတ်နိုင်ငံက အထင်ကရနေရာတွေ၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်ရှုလေ့လာသွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံအပါအဝင် ရုရှား၊ ဘီလာရုစ်နိုင်ငံတွေက စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုတွေကို သုံးကာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး မင်းအောင်လှိုင် အရေးပေါ်ကာလ နောက်ထပ် ၆လ သက်တမ်းတိုး

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးလိုက်တယ်လို့  သိရပါတယ်။
Read More

ကျားဖြန့်ပြဿနာ၏ အဓိက တရားခံ အာဏာသိမ်းစစ်တပ်က ငွေလိမ်ဂိုဏ်းများကို အယောင်ပြ ဖြိုခွင်း သက်သေဖျောက်ဖျက်ကာ နေရာရွှေ့ပြောင်းပေးနေဟု NUG ပြော

ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ အရေးယူမှုတွေ ပြုလုပ်လာချိန်မှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အယောင်ပြ နှိမ်နင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။ ဒါပေမယ့် တကယ်တမ်း ငွေလိမ်ဂိုဏ်း ပြဿနာတွေရဲ့ အဓိက တရားခံဟာ အာဏာသိမ်းစစ်တပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောကြားလိုက်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။