မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပခုက္ကူကနေ ပုဂံမြို့သစ်ဘက်ကိုလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်ကို စစ်အုပ်စုကင်းပုန်းက ပစ်ခတ်ရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က ပြောပါတယ်။

“ပခုက္ကူဘက်က ရဲဘော်တွေ လမ်းကြောင်းလာရင်း ပုဂံမြို့သစ်လမ်းဆုံ ရဲစခန်းအနီးက ဂိတ်နားမှာ ဖြစ်တာပါ။ အလက်တွေနဲ့ ဆိုင်ကယ်နဲ့ ဖြတ်သွားတာတွေ့လို့ စခ တွေဘက်က လှမ်းပစ်ရင်းဖြစ်တာ။” လို့ ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီဖြစ်စဥ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပိတ်မိခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာသလို စစ်အုပ်စု ဘက်က ၂ယောက်သေဆုံးတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

“ကျနော်တို့ဘက်တော့ တိတိကျကျ သတင်းတော့ ရောက်မလာသေးပါဘူး။ ပစ်ခတ်မှုဖြစ်တာတော့ ဟုတ်ပါတယ်။ ” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကလည်း မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုက ပုဂံမြို့ဝင်မြို့ထွက်နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကလည်း ပုဂံမြို့သစ်၊ ဂန့်ဂေါရပ်ကွက်က ဓမ္မာရုံမှာ အစည်းအဝေးလုပ်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အခုနှစ်အတွင်း ညောင်ဦးမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာပေမယ့် မြို့ပေါ်မှာတော့ တော်လှန်ရေးနဲ့ အလှမ်းဝေးအောင် လုပ်ဆောင်ထားတယ်လို့လည်း ညောင်ဦးအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
0 Shares:
You May Also Like
Read More

ရခိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်တာအတွင်း အဆောက်အအုံ ၁၅၀ ကျော်နဲ့ တံတားအစင်းရေ ၂၈ စင်း ပျက်စီးခဲ့

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၅၀ ကျော်လောက် ပျက်စီးခဲ့ရကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

MBT တပ်ဖွဲ့ဝင် ရဲဘော် မိုးကြိုး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် မိုးကြိုးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ MBT က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။