ပဲခူးတိုင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

ရှော့တိုက်ဒုံးတွေဟာ စစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲပြီး အရာရှိနေအိမ် ၁လုံးနဲ့ စစ်တပ်လူပျိုဘားတိုက် တခြမ်း မီးလောင်ပျက်စီးခဲ့ကာ အရာရှိ ၂ယောက်နဲ့ တခြားအဆင့်စစ်သည် ၄ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခြားစစ်သည် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ လမ်းခရီးနဲ့ ရာသီဥတုအခြေအနေပါပဲ။ တပခမှာ ပစ်ပြီးပြီးချင်း မကြာခင်မှာပဲ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါ လိုက်ရှာပါတယ်” လို့ Brave Warriors for Myanmar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar က Mission 45 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Video – B.W.M

0 Shares:
You May Also Like
Read More

မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ လောင်းလုံးပကဖ ထုတ်ပြန် (ရုပ်/သံ) 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လတစ်လတာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို လောင်းလုံးပကဖ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေမှု မှတ်တမ်း (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Inle People Defense Force-IPDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၂၅ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။