ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိ ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး အရာရှိနေအိမ်နဲ့ ဘားတိုက်တခြမ်း မီးလောင်ပျက်စီးသွားကြောင်း Brave Warriors for Myanmar က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က တောင်းပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ထဲကို Brave Warriors for Myanmar နဲ့ ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံး သွားရောက်ပစ်ခတ်ရာမှာ ၄ လုံး ပစ်ခတ်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ ထိမှန်ခဲ့တာကြောင့် အရာရှိနေအိမ် ၁လုံးနဲ့ စစ်တပ်လူပျိုဘားတိုက် တခြမ်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အရာရှိ ၂ယောက်နဲ့ တခြားအဆင့်စစ်သည် ၄ ယောက်လည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီ၊ ကရင်နဲ့ ရှမ်းတောင်ဒေသတွေမှာ တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေရဲ့ ဌာနချုပ်ဖြစ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တိုက်ခိုက်ရတာဟာ စစ်ရှုံးကော်မရှင်ရဲ့ စစ်တိုင်းဌာနချုပ်တွေကိုပါ ကာကွယ်နိုင်စွမ်းမရှိတဲ့အချက်ကိုပါ ပေါ်လွင်စေခဲ့တယ်လို့ Brave Warriors for Myanmar တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထိခိုက်ပျက်စီးမှုတွေဟာ BWM ရဲ့ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေဆီက ရရှိတဲ့ တူညီတဲ့ အချက်အလက်တွေကို စိစစ်ရေးထုတ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“အခက်အခဲကတော့ လမ်းခရီးနဲ့ ရာသီဥတုအခြေအနေပါပဲ။ တပခမှာ ပစ်ပြီးပြီးချင်း မကြာခင်မှာပဲ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါ လိုက်ရှာပါတယ်” လို့ Brave Warriors for Myanmar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar က Mission 45 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ တစ်မနက်တည်းမှာပဲ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဘုရင့်နောင် တိုက်ခိုက်ရေး (ကြည်း) ကျောင်းကို BWM နဲ့ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၉လုံး သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အသင့်ရှိကြောင်း AA ထုတ်ပြန်

လက်ရှိမြန်မာ့အရေးကို စစ်ရေးနဲ့ ဖြေရှင်းမှုထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ဦးတွင် မဲရုံစောင့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ မဲရုံများ ပြန်လည်ရုတ်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။