မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၈ ရက် ဒီနေ့မနက် မြန်မာစံတော်ချိန် ၄ နာရီ ၃၆ မိနစ်အချိန်မှာ မန္တလေးမြို့ရဲ့ မြောက်ဘက် ၆၃ ကီလိုမီတာခန့်အကွာ စဉ့်ကူးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၃၉ ကီလိုမီတာအကွာ၊ မတ္တရာမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၁ အဆင့် အင်အားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ဖို့လည်း NUG ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း တောင်ရင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF ဝင်တိုက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃၀နီးပါးကို ဓားစားခံလုပ်ဖမ်းဆီးပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စခန်းချရာနေရာတွေ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီက ပြည်သူအယောက် ၃၀နီးပါးကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီးရိုက်နှက် ‌ခေါ်ဆောင်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။