၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။

ပေါ်တာဆွဲခံရတဲ့နေ့က ည ၉နာရီလောက်မှာ သူ့ကို သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ယောက်က လက်ထိပ်ခတ်ပြီး ကားပေါ်တင်ခေါ်သွားတာပါ။ သူ့ကို အဲ့လိုခေါ်သွားတဲ့နေရာမှာ ၂၁ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရချိန်မှာလည်း စစ်တပ်ထဲ မဝင်ချင်ကြောင်း ငြင်းဆန်တဲ့အခါ ရိုက်နှက်ခံရတဲ့အတွက် နောက်ဆုံးမှာ မောင်ဇင်ကိုကိုတစ်ယောက် စစ်မှုထမ်းဖို့ ခေါင်းညိမ့်ခဲ့ရပါတယ်။

“သူတို့က ကျောင်းသားမှန်းဘာမှန်းမသိဘူး။ ပြောလည်းမပြောခိုင်းဘူး။ ဖြေလည်းမဖြေခိုင်းဘူး။ ကျနော်က မဝင်ချင်ဘူး ငြင်းခဲ့ပါတယ်။ ငြင်းတော့ ကျနော့်ကိုရိုက်ခဲ့ပါတယ်။ လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုက် တော့ သူတို့ နောက်တစ်ရက်ကျတော့ ထပ်မေးခဲ့ပါတယ်။ ဝင်မှာလား ၊ မဝင်ဘူးလား ထပ်မေးခဲ့ပါတယ်။ မဝင် ဘူးဆို သူတို့ ကျနော်တို့ ထပ်နှိပ်စက်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်မဝင်ချင်ဘဲနဲ့ အဲဒီတပ်ထဲကို ဝင်ခဲ့ပါ တယ်”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ မောင်ဇင်ကိုကိုက ပြောပါတယ်။

မောင်ဇင်ကိုကိုဟာ စစ်မှုမထမ်းဘဲ ထွက်ပြေးဖို့ကလည်း အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို အန္တရာယ်ပေးမှာ စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။

မောင်ဇင်ကိုကိုဟာ တပ်သားစုဆောင်းရေးနေရာမှာ ရက် ၂၀ နီးပါးကြာ နေခဲ့ရပြီးနောက် သင်တန်းသား ၁၈၂ ယောက်ရှိတဲ့ သင်တန်းကျောင်းမှာ ၂ရက်သွားရောက်နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဇွန်လ ၂၇ ရက်နေ့မှာ စစ်သင်တန်းကျောင်း ဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်သင်တန်းဆင်းပြီးတဲ့နောက်ပိုင်း ရန်ကုန်စစ်ကြောရေးရောက်ရှိခဲ့သလို ၅ ထပ်သင်္ဘောနဲ့လည်း ခေါ်‌ဆောင်သွားခြင်း ခံခဲ့ရကြောင်း မောင်ဇင်ကိုကိုက ပြောခဲ့ပါတယ်။

“အဲဒီထဲမှာ ပစရော၊ အရင်တပ်သားဟောင်းတွေရော အယောက် ၈၀၀ ကျော် ပါပါတယ်။ အဲ့ထဲမှာ တပ်မ ၂၂ က အယောက် ၅၀၀ ကျော်လောက်ရှိပါတယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းနည်းပါ။ သင်္ဘောပေါ်မှာပဲ ၂ ည အိပ်ခဲ့ရတယ်”

အဲ့လိုကနေ မောင်ဇင်ကိုကိုတစ်ယောက် တပ်မ ၄၀၅ ကို ရောက်ရှိသွားပြီး ရောက်ရာက်ချင်း သင်တန်း ၁ပတ် တက်ခဲ့ရပါတယ်။ ၁ ပတ်ပြည့်ပြီးတဲ့နောက်မှာ စစ်ရေးလှုပ်ရှားမှု စလုပ်ရတယ်လို့ ပြောပါတယ်။ ဥတ္တူကျေးရွာကနေ စော်ဖျားကျေးရွာ၊ မိုးရွှေကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်ကြောင်းနဲ့အတူ လိုက်ပါရင်း နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်း လုယက်တာတွေ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။


အဲ့လိုနဲ့ မောင်ဇင်ကိုကိုဟာ အိမ်သာတက်မယ်ဆိုပြီး စစ်ကြောင်းကနေ ထွက်ပြေးလာခဲ့ကာ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“သင်တန်းကျောင်းမှာလည်း အမျိုးမျိုးပြောတယ်။ PDF ထဲဝင်ရင် နင်တို့ အသတ်ခံရမယ်၊ အဖြတ်ခံရမယ်၊ လည်လှီးခံရမယ်၊ သေနတ်နဲ့ အပစ်ခံရမယ်လို့ ကျနော်တို့ကို ခဏခဏ ပြောခဲ့ဖူးတယ်၊ အစပိုင်းကတော့ ကျနော်တို့ ဒီအတိုင်းပဲ ယုံခဲ့တာပါ။ ထွက်ပြေးလာတဲ့အခါ အဲ့အတိုင်း မဟုတ်ဘူးဆိုတာ အခုမှ သိခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်ထဲမှာ ရာထူးကြီးသူတွေက နိုင်ထက်စီးနင်း လုပ်တာတွေ ရှိသလို တပ်ကြပ်ကြီးတွေက အနိုင်ကျင့်တာ၊ ဆေးသုံးပြီး ပါးရိုက်တာ၊ မူးပြီး နှိပ်စက်တာတွေကို မခံနိုင်လို့ ထွက်ပြေးတာလို့လည်း မောင်ဇင်ကိုကိုက ပြောခဲ့ပါတယ်။

အခုတော့ မောင်ဇင်ကိုကိုဟာ ၆ တန်းကျောင်းသားအရွယ်နဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ အိပ်မက်ဆိုးတွေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။