အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာတွေ၊ တပ်ရင်းတွေနဲ့ တိုင်းစစ်ဌာန စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROs တပ်ဖွဲ့တွေ၊ LPDF တွေနဲ့အတူ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ တိုင်းစစ်ဌာန ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

မြစ်ခြေတွင် နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၅ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

ပြည်သူနဲ့အတူ ဘုံကထိန်ပွဲ ပြုလုပ်ခဲ့တဲ့ မိုးမိတ်ခရိုင် ပ.က.ဖ ရဲဘော်များ… (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်အတွင်း ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲမှာ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ )က ရဲဘော်တွေဟာ ပြည်သူနဲ့အတူ ပါဝင်လှူဒါန်းကူညီခဲ့တဲ့ ပုံရိပ်တွေကို မိုးမိတ်ခရိုင် ပကဖ သတင်းပြန်ကြားရေးစာမျက်နှာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။