ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 

ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ လက်ရှိ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ Phumtham Wechayacha က အဆိုပါ အဆိုပြုချက်ကို လက်မှတ်ရေးထိုးထားပြီး ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ထိုင်းသတင်းတွေက ဆိုပါတယ်။ 

အခုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ထိုင်းဘုရင်ထံ ပေးပို့ပြီးနောက် ထိုင်းဘုရင် လက်မှတ်ရေးထိုးအတည်ပြုပြီးရင် အသက်ဝင်လာမယ်လို့ သိရပါတယ်။ 

အခုလို နယ်စပ်ဒုက္ခသည်စခန်းတွေထဲက မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ၄၂၀၀၀ ခန့် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံထဲက ကမ္ဘောဒီးယားလုပ်သားတွေ နေရပ်ပြန်သွားပြီးနောက် လုပ်သားလိုအပ်ချက် ရှိနေသလို မြန်မာနိုင်ငံသားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်စေတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်​ဘေးရှောင် ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် တစ်သိန်းကျော် နေထိုင်နေပြီး ထရမ့်ဦးဆောင်တဲ့ အ​မေရိကန်အစိုးရက ဒုက္ခသည်​တွေအတွက် ကျန်းမာ​ရေးအကူအညီတွေအပါအဝင် လူသားချင်းစာနာ​ထောက်ထားမှု​အကူအညီ​ပေးတာ​တွေကို၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ရပ်ဆိုင်းလိုက်တာ​ကြောင့် ဒုက္ခသည်​တွေဟာ အခက်အခဲ​တွေနဲ့ ရင်ဆိုင်​နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့မှု နစ်နာကြေး ရရှိအောင် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။