စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေ၊ သယံဇာတအဖွဲ့တွေ၊ တပ်ရင်းတပ်ဖွဲ့တချို့က တာဝန်ရှိသူတွေနဲ့ အခြားမြေပြင်မှာ ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံမှုခရီးစဥ်မှာ ဒုဝန်ကြီး ခွန်းစောဖူးနဲ့အတူ သတ္တုနဲ့ ကျောက်မျက်ကဏ္ဍက အတွင်းဝန်၊ သစ်တောနဲ့ ပတ်ဝန်းကျင်ကဏ္ဍက ဒုတိယအတွင်းဝန်နဲ့ တခြား ခရိုင်အဆင့် တာဝန်ရှိသူတွေ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်ထဲက NUG အခွန်ဂိတ်ကို BNRA တပ် ဝင်ရောက်စီးနင်းပြီး ဂိတ်တာဝန်ခံ ပလဖတစ်ဦးကို ဖမ်းဆီးခဲ့

“ကျနော်တို့ဂိတ်ကို ဒီကနေ့ နေ့လယ်ပိုင်း ၁၁ နာရီမထိုးခင်လောက်က BNRA ရဲဘော်တစ်စုက လက်နက်ပစ်ဖောက်ပြီး ဝင်လာခဲ့ပါတယ်။ ကျနော်တို့ဂိတ်မှာစောင့်နေတဲ့ ကျနော်ရယ်၊ ကျနော့်အထက်အရာရှိရယ် ကျနော်တို့ သေနတ်ကို မကိုင်ခဲ့ပါဘူး။ အဲဒါကို BNRA ကနတ်ဆိုးက ကျနော်တို့ကိုဝင်ပြီးတော့ သူ့ပစ္စတိုဒင်နဲ့ ရိုက်တာ၊ ပြီးတော့ ကိုမင်းခိုင်နဲ့ ကျနော်တို့ ၂ ယောက်ကို ဖမ်းသွားပါတယ်” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲဘော်က ဆိုပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်းတပ်သား ၃ ဦး CDF-Asho ထံ လက်နက်နှင့် အလင်းဝင်လာ

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ထံကို စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF-Asho က‌ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရောက်ရှိနေသည့် ပဲခူးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲဆွယ်ဖို့ ရောက်ရှိနေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ကောင်စီက လေယာဉ်နဲ့ရဟတ်ယာဉ်တွေ အစားထိုးဝယ်ယူဖြည့်တင်း၊ တိုက်ပွဲတွေမှာ လေကြောင်း ပိုမိုအသုံးပြုမယ်လို့ ခြိမ်းခြောက်

စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။