မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးသုံးစွဲသူတွေကို ဩဂုတ်လ ၂၂ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ရာ အရပ်သား (၃) ယောက်နဲ့ တော်လှန်ရေးအဖွဲ့က (၃) ယောက်ကို မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းအချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်ထဲမှာ ဆေးသုံးနေတာဗျ၊ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ရထားတဲ့ သတင်းအတိုင်း ဝိုင်းဖမ်းတာပါ၊ အရပ်သားက ၃ ဦး၊ တော်လှန်းရေးအဖွဲ့တွေက ရဲဘော် ၃ ဦးပါ၊ တော်လှန်ရေးရဲဘော် ၃ ဦးကိုရော အရပ်သား ၃ ဦးကိုရော ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်” လို့ Red Giant တပ်ဖွဲ့က ကိုဒေါင်းနီက ပြောပါတယ်။

ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အဖွဲ့တွေကတော့ RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ကိုထွန်းတောက်အဖွဲ့တို့ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

ရေတာရှည်နယ် နှင့် တွံတေးနယ်ရှိ နေအိမ်များကိုအုပ်ချုပ်ရေးမှူးမှ အလံထောင်ထားခိုင်းထားပြီး မလိုက်နာ သူများကို ငွေးကြေးကောက်ခံ

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ရေတာရှည်မြို့နယ် နဲ့ တွံတေးမြို့နယ်က နေအိမ်တွေကို မြန်မာအနိုင်ငံတော်အလံတွေထောင်ထားခိုင်း တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။