ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်မှာ KNDF တပ်ရင်းအမှတ် (၅) က ရဲဘော်ထူးနေခလေးဟာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန်တိုက်ခိုက်ပြီး ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ထူးနေခလေးဟာ တော်လှန်ရေးလှုပ်ရှားမှုအပေါ် ကြိုးစားအားထုတ်ခဲ့ပြီး KNDF တပ်ရင်းအမှတ် (၅) က ပေးအပ်တဲ့ တာဝန်အားလုံးကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ KNDF တပ်ရင်းအမှတ် (၅) က ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော်ဟာ သူ့ရဲ့ နောက်ဆုံးတာဝန်တွေကိုလည်း လက်ရုံးရည်၊ နှလုံးရည်နဲ့ အသက်သေဆုံးတဲ့အချိန်အထိ တာဝန်ယူမှုစိတ်ဓာတ်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် အင်မတန်လေးစားဂုဏ်ယူကြောင်း KNDF တပ်ရင်းအမှတ် (၅) က ဆိုပါတယ်။

KNDF တပ်ရင်းအမှတ် (၅) အနေနဲ့ ကျဆုံးရဲဘော် ထူးနေခလေးအတွက် ကျန်ရှိသူ မိသားစုဝင်အားလုံးနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ အထင်ကရ နေရာများတွင် ၈ လေးလုံး ထီးသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအထပ်ထပ် တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ဒီနေ့ကျရောက်တဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ပိုမို ပီပြင်ထင်ရှားစေတဲ့ အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖာပွန်ခရိုင်တပ်ရင်း ၁ က ဇန်နဝါရီလမှာ မြေပြင်နဲ့ ဝေဟင်စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။