စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရုံပင်ကုန်းရွာ အနီးတဝိုက်ကို ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်က လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ခန့်အရွယ် အမျိုးသားပြည်သူ ၃ ယောက်နဲ့ အသက် ၅၀ ခန့်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက်ပိုင်း ဝက်လက်မြို့နယ်နဲ့ ထိစပ်နေတဲ့ မတ္တရာမြို့ပေါ်ရှိ စစ်သားတွေကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အထူးဂရုစိုက်နေထိုင်ဖို့ Wetlet Informational Network က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၉) အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုရားသုံးဆူမြို့တွင် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်မှုဖြစ်ပွား

“ကောင်မလေးက ရည်းစားနဲ့ သွားချိန်းတာ၊ အဲ့မှာ သူ့ကောင်လေးနဲ့ သူငယ်ချင်းတွေက ဝိုင်းပြီးမုဒိန်းကျင့်လိုက်တာ။ အဲ့ကောင်လေးတွေက ဆေးသမားတွေ၊ သူငယ်ချင်းက ၂ယောက် .. ကောင်လေးနဲ့ပါဆို ၃ယောက်။ အုပ်ချုပ်ရေးမှူးကျတော့ မုဒိန်းကျင့်တဲ့ထဲ သူမပါဘူး။ ကောင်မလေး ရည်းစားက သူ့ရဲ့တူ.. အဲ့လို၊ သူက ကောင်မလေးအလောင်းကို ဝိုင်းဖျောက်ပေးတာ” လို့ ဘုရားသုံးဆူမြို့ခံတဦးက မောင်းကို ပြောပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲများမှ ရရှိခဲ့သည့် ၆၀ မမ စိန်ပြောင်းများဖြင့် ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force - PRAF ထံက သိရပါတယ်။
Read More

“မကွေးဆီသို့ ကမ်ပိန်း” မှ ထောက်ပို့သည့် ကာကွယ်ရေးပစ္စည်းများ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ရောက်ရှိ

မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “မကွေးဆီသို့ ကမ်ပိန်း” ကနေ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေ မြေပြင်ရဲဘော်တွေထံ ရောက်ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။