စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းက လူသုံးများတဲ့ အမြန်ချောပို့လုပ်ငန်းတွေရဲ့ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ ပို့ဆောင်လို့မရတဲ့ နေရာဒေသတွေပါတဲ့ စာရင်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဆိုပါ ကန့်သတ်စာရင်းထဲမှာ အဓိကအားဖြင့် ဘတ္ထရီနဲ့ ဆိုလာ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးပစ္စည်းတွေ ပါဝင်နေပြီး စစ်ကိုင်းတိုင်းထဲကိုတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ဒိုက်ဘာတွေပါ ကန့်သတ်ထားတာ တွေ့ရပါတယ်။

“အခုက တကယ်ပို့လို့ မရတော့တာ ဟုတ်တယ်။ လုံးဝကြီးပို့မရတာတော့ မဟုတ်ဘူး။ သူက တဆွဲစာလောက်ပဲ ရတော့တာ ၃ကီလိုထက်ကျော်ရင် မရတော့ဘူး။ အဓိကက သူတို့က X way နေရာတွေမှာ စစ်တာ။ ပစ္စည်းကများနေရင် ပေးမဖြတ်ဘူး။ တချို့ပစ္စည်းတွေကို သိမ်းလိုက်တယ်။ တချို့ကျတော့လည်း Return ပြန်ပါလာတာတွေရှိတယ်” လို့ Online Shop လုပ်ကိုင်နေသူတစ်ယောက်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

အမြန်ချောပို့ လုပ်ငန်းတချို့ဆိုရင်လည်း ပါဆယ်တစ်ခုကို ၃ကီလိုထက် ကျော်လွန်ပို့ဆောင်လို့ မရကြောင်း၊ တစ်ကိုယ်စာသုံး ပစ္စည်းအရေအတွက်ကိုသာ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်း၊ နာမည်တူ/လိပ်စာတူနဲ့ အထုပ်ခွဲပို့တာတွေ လက်မခံကြောင်း၊ မြို့နယ်အလိုက် တားမြစ်ထားတဲ့ ပစ္စည်းတွေကို လုံးဝပို့ဆောင်ပေးမှာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး မောင်းအနေနဲ့ Delivery Service တချို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

နောက်ထပ် Online Shop လုပ်ကိုင်နေသူတစ်ယောက်ကလည်း “ကားဂိတ်တွေကကျ မပို့ပေးဘူး မဟုတ်ဘူး။ ပို့ပေးတယ်။ တကယ်လို့ စစ်လို့ သိမ်းလိုက်တယ်ဆို သူတို့ တာဝန်မယူဘူး။ ပို့ချင်ရင်ပို့ ပစ္စည်းပျောက်တာတွေ အာမ,မခံဘူးဆိုတာမျိုး ဖြစ်လာတာ။ Royal Express ဆို အထုပ်က အရမ်းကြီးတာနဲ့ကို ဘာမှ လက်မခံတော့တာ” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နယ်စပ်နဲ့ ရေကြောင်းလမ်းက ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုလည်း ပိတ်ပင် ကန့်သတ်လာနေတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ ကုန်တင်လေယာဉ် ဝန်ဆောင်မှုပေးနေတဲ့ New Light Cargo လုပ်ငန်းကလည်း Commercial Cargo Flight ခေတ္တရပ်နားတော့မယ်လို့ ဩဂုတ်လ ၂၃ ရက်က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် စစ်တပ်က ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကစလို့ စစ်တပ်ဟာ ထိုင်း-မြန်မာ တရားဝင် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားကိုလည်း ယာယီ ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)
0 Shares:
You May Also Like
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလံဖြူထောင် ဆုတ်ခွာထွက်ပြေးနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ခေတ်မီ စစ်ရေးဗျူဟာတွေ လေ့လာပြင်ဆင်ထားဖို့ မင်းအောင်လှိုင် မှာကြား

ပြောင်းလဲတိုးတက်နေတဲ့ စစ်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ လေ့လာလိုက်စားနေဖို့ လိုအပ်တတယ်လို့  နိုင်ငံတစ်ဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။