မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂၀ ရက်မှာ အလင်းဝင်ဖို့ ဆက်သွယ်လာတာဖြစ်ပြီး ၂၁ရက်မှာတော့ MRG တပ်ဖွဲ့က အဆိုပါ စစ်ကောင်စီတပ်သား စိုးမင်းနိုင်ကို သွားရောက်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ သွားခေါ်ရတဲ့ နေရာဟာ စစ်ကော်မရှင်တပ်စခန်းနဲ့ နီးတဲ့အတွက် အန္တရာယ်ကြားကနေ သွားရောက်ခေါ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“သွားကြိုတဲ့အခါ အခက်အခဲက ဂရုစိုက်ရတာပေါ့လေ။ တပ်ရင်းနားအထိဆိုတော့ ကိုယ့်ဘက်က နယ်မြေစိုးမိုးမှုရတဲ့နေရာ မဟုတ်ဘူးဆိုတော့ ၅၀ ၊ ၅၀ ပဲဆိုတော့ ဂရုစိုက်ရတာပေါ့။ ပြီးတော့ ဒီအရာက မျှားပြီးခေါ်တာလား ဘာလားပေါ့။ အဲဒါလည်းဂရုစိုက်ရတယ်” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် စိုးမင်းနိုင်ဟာ ကျောက်ပန်းတောင်းနယ်ခံတစ်ယောက်ဖြစ်ပြီး လက်ပံပျားရဲစခန်းမှာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရကာ ဗထူးလေ့ကျင့်ရေးတပ်မှာ ၃လ စစ်သင်တန်းပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အခုတော့ တပ်သား စိုးမင်းနိုင်ဟာ ကင်းစောင့်တာဝန်ကျချိန်မှာ ၅.၅၆ ကျည် (၁၁၃)တောင့်၊ လက်ပစ်ဗုံးသီး (၂)လုံးကို ယူဆောင်ကာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ထံ အလင်းဝင်လာခဲ့တာပါ။ အလင်းဝင်လာသူ စိုးမင်းနိုင်ကို MRG တပ်ဖွဲ့ ဂုတ်ပြုငွေ ချီးမြှင့်ကာ မိသားစုထံ ကောင်းမွန်စွာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာကာ ဖမ်းမိနိုင်ရေး ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။