အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ လူအများအိပ်မောကျနေချိန်ကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးစေဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

အနီးကပ်ဆုံး ဖြစ်စဥ်အနေနဲ့ မနေ့က သြဂုတ်လ ၂၅ရက် ည ၁၁နာရီ ၂၅ မိနစ်အချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ မိသားစုဝင်တွေနဲ့ အနီးအနားမှာရှိတဲ့ ကလေးငယ် ၅ယောက် အပါအဝင် ပြစ်မဲ့ပြည်သူ ၁၂ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ် ၈ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို အပြစ်မဲ့ပြည်သူတွေအပေါ် တမင်ရည်ရွယ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ အကြိမ်ကြိမ်ရှိခဲ့ကြောင်း AA က ဆိုပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၄ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က ‌ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၈ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၃ရက် မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့တဲ့ အရပ်သား သေဆုံးသူ ၁၂ယောက်၊ ဒဏ်ရာရသူ ၂၃ယောက်နဲ့ နေအိမ် ၃၁ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ရက် ညနေပိုင်းက မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် AA ထိန်းသိမ်းထားတဲ့ စစ်တပ် စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၂၈ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။

ဇန်နဝါရီလ ၈ရက် နေ့လယ်ပိုင်းကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ၂၆ ယောက်သေဆုံး၊ ၁၂ယောက် ဒဏ်ရာရကာ လူနေအိမ် ၃၉၈ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ လမ်းတံတား၊ စစ်ရှောင်စခန်းနဲ့ လူနေအိမ် စတဲ့ နေရာတွေကို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမှာဖြစ်သလို လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ စစ်အုပ်စုရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးပစ်ခံရပြီး ၄ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ ​​မြင်းခြံခရိုင်၊ ​ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးစစ်သား ၄ ယောက်​ သေဆုံးခဲ့ကြောင်းသိရပါတယ်။
Read More

လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ကဝမြို့နယ် PDF ရဲဘော်ဗထူးရဲ့ ဈာပန

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းရဲ့ တပ်တည်ထောင်တာ ၃ မြောက်ခဲ့ပြီ ဖြစ်ပါတယ်။