မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ကျေးရွာတွေထဲ ရက်ရှည်ကြာ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၁၀ယောက်သေဆုံးကာ စတားလင့်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်နေ့ကစလို့ မြင်းခြံမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ်အတွင်း ကျေးရွာတွေထဲ စစ်ကြောင်းဝင်၊ လူသတ်၊ ရိက္ခာခိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေအပြင် သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေလည်းပါဝင်ခဲ့ပြီး ဝေဟင်လေကြောင်းပစ်ကူတွေပါ အသုံးပြု စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၀ရက်နေ့မှာတော့ မာန်လည်ရွာအတွင်း စစ်ကြောင်းဝင်မီးရှို့တပ်စွဲထားတဲ့ အထက်ပါ စစ်အုပ်စုတွေကို နွားထိုးကြီးပကဖနဲ့ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ နွားထိုးကြီး ပကဖတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကော်မရှင်ဘက်က မျက်မြင် ၁၀ယောက် သေဆုံးပြီး ၈ယောက်နီးပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များ

ဒါ့အပြင် တိုက်ပွဲအပြီး MA 11 သေနတ် ၂လက်၊ Drone Shooter ၁လက် ၊ ငါးကြင်းမြီးပြောင်း ၁ချောင်း၊ လက်ပစ်ဗုံး ၃လုံး ၊ Starlink ၁ လုံး၊ ငွေသားတချို့၊ ကျည်ဘောက် ၂ခုနဲ့အတူ ကျည်တချို့ကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

“စခနဲ့ ပျူတွေက မာန်လည်ရွာကို ၁၈ရက်နေ့မှာ ရောက်တယ်။ ကျနော်တို့က ၂၀ရက်နေ့မှာ ဝင်တိုက်ပါတယ်။ မနက် ၁၁နာရီကနေ ညနေ ၅နာရီခွဲအထိ ကြာခဲ့ပါတယ်။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သြဂုတ်လ ၁၀ရက်နေ့ကနေ ၂၄ရက်နေ့အတွင်း သီတာယုမွန်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ နွားထိုးကြိးမြို့နယ်အတွင်းက တံစိုး၊ မာန်လည်၊ ကျောက်ဆည်၊ သဲတော၊ လက်ဝဲ၊ ချင်းယား၊ ကံယားရှည်၊ လက်သစ်ပုဂံနဲ့ မြင်းခြံမြိုနယ်အတွင်း ကံဆင့်တောင်ရွာမြောက်ဘက်၊ ဗလုံကျေးရွာတို့ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ ဆန်စပါး၊ ဆီ၊ စားသောက်ကုန်တွေကို စားသုံးမရအောင် ရေတွင်းရေကန်တွေထဲ သွန်ချတာ၊ မြေပြင်ပေါ်ဖြန့်ကြဲရင်း ဒီဇယ်တွေလောင်းချခဲ့တာအပြင် စစ်ကြောင်းဝင်တဲ့ ရွာတွေထဲက မရှောင်ပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ သားသည်မိခင်တွေနဲ့ ကလေးငယ်တွေကိုပါပါ မီးရှို့သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းတွေဟာ နောက်ချန်လက်နက်ကြီးပစ်ကူတွေအပြင် ဂျက်ဖိုက်တာ၊ Y12၊ Gyrocopter အစရှိတဲ့ လေကြောင်းပစ်ကူတွေသုံးရင်း ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် မြင်းခြံခရိုင်တပ်ရင်းတွေ၊ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ်ရှိနေကြောင်း သိရပါတယ်။

နွားထိုးကြီး ပက ဖတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရပ်ကွက်ရုံးကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲအတွက် သတိပေးခြင်း ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၆၇ ရပ်ကွက်ရုံးကို ချိန်ကိုင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်လာပါတယ်။