မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သြဂုတ်လအစပိုင်းကစလို့ မြင်းခြံမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်နဲ့ သီတာယုမွန် လက်ပါးစေ ပျူစောထီးတွေပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းတွေဟာ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့အတွက် အခုလိုစစ်ကြောင်းထိုးခဲ့တာ ဖြစ်တယ်လို့လည်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် နွားထိုးကြီးမြို့နယ်အတွင်း ရွာကြီးကုန်း၊ သူစိုး၊ သဲတောနဲ့ ကျောက်ဆည်ရွာတွေက သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၆ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံမြို့နယ်မှာလည်း မြောက်ကုန်း၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ဗလုံ၊ ကန်ဆင့် စတဲ့ရွာတွေက ကလေးငယ်တွေအပါအဝင် ၁၀ယောက် သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ရင်း သေနတ်နဲ့ပစ်သတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြင်းခြံခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် သီတာယုမွန်နှင့် ပျုစောထီးအဖွဲ့


အထက်ပါ သေဆုံးစာရင်းတွေဟာ သြဂုတ်လ ၂၄ရက်နေ့အထိ ထုတ်ပြန်ထားတာဖြစ်ပြီး အနည်းဆုံး သတ်ဖြတ်ခံထားရတဲ့ စာရင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ မန်လည်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို နွားထိုးကြီးပကဖနဲ့ မြင်းခြံခရိုင်တပ်ရင်းတွေက သွားရောက်တိုက်ခိုက်ရင်း စစ်အုပ်စုအလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

သြဂုတ်လ ၁၀ရက်နေ့ကစလို့ ၂၄ရက်နေ့အထိ နွားထိုးကြီးမြို့နယ်အတွင်းက တံစိုး၊ မာန်လည်၊ ကျောက်ဆည်၊ သဲတော၊ လက်ဝဲ၊ ချင်းယား၊ ကံယားရှည်၊ လက်သစ်ပုဂံစတဲ့ ကျေးရွာတွေအပါအဝင် မြင်းခြံမြိုနယ်အတွင်းက ကံဆင့်တောင်ရွာမြောက်ဘက်၊ ဗလုံကျေးရွာတွေဟာ စစ်အုပ်စုရဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတယ်လို့လည်း မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေက အရပ်သားတွေရဲ့ ဆန်စပါး၊ ဆီ၊ စားသောက်ကုန်တွေကို စားသုံးမရအောင် ရေတွင်းရေကန်တွေထဲ သွန်ချတာ၊ မြေပြင်ပေါ်ဖြန့်ကြဲရင်း ဒီဇယ်တွေလောင်းချခဲ့တာအပြင် စစ်ကြောင်းဝင်တဲ့ ရွာတွေထဲက မရှောင်ပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ သားသည်မိခင်တွေနဲ့ ကလေးငယ်တွေကိုပါ မီးရှို့သတ်ကာ အလောင်းတွေကို စွန့်ပစ်ခဲ့ပါသေးတယ်။

“သက်ကြီးပိုင်းတွေကို မလုပ်လောက်ပါဘူးဆိုပြီး မရှောင်ကြတာရယ်၊ မခေါ်သွားကြတာရယ်ပေါ့။ အဲ့ဒါတွေကြောင့်ပါ။ စစ်ကြောင်းက အကုန်သတ်တာပါ။” လို့ နွားထိုးကြီးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းက တော်လှန်ရေးအင်အားစုတွေကို လိုက်လံတိုက်ခိုက်ရင်း အောင်ပွဲတွေရရှိနေကြောင်း လိမ်လည်ထုတ်ပြန်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ မြင်းခြံမြို့ထဲကို ကားသေး၊ ကားကြီးတွေနဲ့ ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့ကစလို့ မြင်းခြံမြို့ အဝင်အထွက် လမ်းမကြီးတွေဖြစ်တဲ့ မြင်းခြံ-မိတ္ထီလာ၊ မြင်းခြံ-ပုဂံညောင်ဦးနဲ့ မြင်းခြံ-မန္တလေးလမ်းပိုင်းတွေမှာ ကုန်ဝင်ကုန်ထွက်တွေကို ပိတ်ဆို့လိုက်တယ်လို့လည်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကင်မ်အဲရစ် တီးခတ်ခဲ့သည့် ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဖြင့် လေလံအောင်၊ ရန်ပုံငွေပွဲမှ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်အထိ ရရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နဲ့  မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာနဲ့ အမြင့်ဆုံး ဈေးပေးပြီး လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ဖန်တီးလုပ်ကြံမှုဟု ကိုထိန်လင်း ဝေဖန်

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။