ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၆ရက်၊ မနေ့က မနက်ပိုင်း ၁၀ နာရီကျော်မှာ အဆိုပါ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အလုံးတိုင်းကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ မြန်မာပြည်အနှံ့က ဒေါက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေကို အဓိပေးနေတဲ့ သင်တန်းကျောင်းဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၃) ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်စဥ်

ဒါ့အပြင် သြဂုတ်လ ၂၅ရက်က ပြန်လည်စတင်တဲ့ သင်တန်းမှာ စစ်အရာရှိ ၄၀၀ ကျော် သင်တန်းလာတက်နေတယ်လို့ အတွင်းသတင်း အတိအကျ ရထားတဲ့အတွက် သင်တန်းချိန်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ BWM က ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို BWM ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Force (MKCDF) နဲ့ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ သူ့နောက်လိုက်တွေ အချိန်မရွေး တိုက်ခိုက်ခံရကာ နေရာမရွေး အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ စိတ်မလုံခြုံမှုကို ပေးဖို့လည်း ရည်ရွယ်တာဖြစ်ကာ ပစ်ခတ်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို ဆက်လက်တင်ပြသွားမယ်လို့ BWM က ဆိုပါတယ်။



0 Shares:
You May Also Like
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

CDM ဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုကြောင်းနှင့် တရားမျှတမှု ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်းကြောင်း NGU CDM Success Committee ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။