သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ ၂ ယောက်ဟာ သီဟနဲ့ ကျော်ဦး ဆိုသူတို့ဖြစ်ပြီး MA1 သေနတ် တစ်လက်နဲ့ ဗုံးသီးတချို့ ယူဆောင်ကာ စစ်ကော်မရှင်တပ်ရဲ့ လိုက်လံပစ်ခတ်မှုတွေကြားက ရဲဝံ့စွာ ပူးပေါင်းလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျော်ဦး ဆိုသူက သာမန်ပြည်သူဘဝကနေ စစ်မှုထမ်းစုဆောင်းခံခဲ့ရသူဖြစ်ပြီး သီဟကတော့ ၂၀၁၁ ခုနှစ်လောက်ကတည်းက ထောင်ကျခံကာ စစ်တပ်ကနေ ထွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ သီဟကို အကြမ်းဖက်စစ်တပ်က မတရား ပြန်လည်ဖမ်းဆီးကာ စစ်မှုထမ်းစေခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် စစ်ကော်မရှင် အရာရှိတွေဟာ သူတို့ အကျိုးစီးပွားအတွက် ဘယ်သူ့ကိုမှ ညှာတာထောက်ထားမှုမရှိကြောင်း၊ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ လုံးဝ မယုံကြည်သင့်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း သိသာထင်ရှားတယ်လို့ ဆိုပါတယ်။

အထက်ပါ အလင်းဝင် ရဲဘော် ၂ယောက်ကို လုံခြုံစိတ်ချရတဲ့နေရာအထိ ရှေ့တန်းကနေ ခက်ခက်ခဲခဲ ခေါ်ယူပေးခဲ့တဲ့ မဟာမိတ်တပ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း NPRF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကျဆုံးရဲဘော်အတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၄ ၏ စခန်းငယ်တစ်ခု စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆိုလာနှင့် မိုးတွင်းရိက္ခာများပျက်စီး

"နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးသလို ကိုးပင်- သာဂရဘက်ကနေလည်း အင်အား ၁၀၀နဲ့ ထိုးပါတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား ၆၀နဲ့ ထိုးတယ်ပေါ့။ အင်အား ၃ကြောင်း ခွဲထိုးတဲ့သဘောပေါ့။" လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ရွှေပေါက္ကံရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲများ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။