ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၅ ရက် မနေ့ည ၁၁ နာရီကျော်လောက်မှာ မြောက်ဦးမြို့နဲ့ ချောင်းတစ်ခုသာခြားတဲ့ ဒိုင်းကျီကျေးရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် မိသားစုဝင် ၆ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့ပြီး ၂၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“လူအိပ်ချိန်ဆိုတော့ ပြေးချိန်မရလိုက်ကြဘူးပေါ့။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များတာပါ။ သေဆုံးသူ ၁၂ ဦးထဲမှာ မိသားစုတစ်စုလုံး သေသွားပါတယ်။ မိသားစုက ၆ ယောက်ပါ။ သေဆုံးဒဏ်ရာရတာမှာ ကလေးငယ်တွေလည်း ပါပါတယ်” လို့ မြောက်ဦးဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မြောက်ဦးမြို့ဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၂ရက် ညပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်အုပ်စု၊ ရွာမကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ APM)

0 Shares:
You May Also Like
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။