တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဩဂုတ်လ ၂၅ ရက်၊ ည ၁၁ နာရီ ဝန်းကျင်အချိန်မှာ မိုးကုတ်မြို့၊ အရှေ့ပိုင်း မြို့မအုပ်စု၊ စည်ပင်သာယာရပ်ကွက်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“လူတွေအိပ်ချိန်မှ လူနေအိမ်တည့်တည့်ကို ဗုံးကြဲသွားတာ ဖြစ်ပါတယ်။ အိမ် ၂၃ လုံး ပျက်စီးတယ်။ လူကတော့ ၁ ယောက်ပဲ၊ ဒဏ်ရာက မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဗုံးကြဲခံရတဲ့ ရပ်ကွက်က မြို့လယ်ဖြစ်တယ်။ စည်ပင်သာယာရပ်ကွက်ဖြစ်တယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း သတင်းမှတ်တမ်းဌာန တာဝန်ခံက မောင်းကို ပြောပါတယ်။

မိုးကုတ်ဒေသခံ အမျိုးသား တစ်ယောက်ကလည်း ”ပြည်သူ အိမ်တွေ ပျက်စီးတာများတယ်၊ အမျိုးသား တစ်ယောက်ဒဏ်ရာရတယ်၊ သူ့ပေါင်နဲ့ ခေါင်းမှာ ထိတာ၊ ဒဏ်ရာ မစိုးရိမ်ရပါဘူး” လို့ ဆိုပါတယ်။ 

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသွားသူက စည်ပင်သာယာရပ်ကွက်မှာ နေထိုင်တဲ့  ၅၇ နှစ်အရွယ် ဦးမောင်ညိုဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက် ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး (၁) လုံး ကြဲချခဲ့တိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၀ နီးပါး သေဆုံးခဲ့ပါတယ်။

(ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကတဆင့် အင်အားဖြည့်တင်းနေ

ဟားခါးနဲ့ ထန်တလန်ဒေသကြားက စစ်ကောင်စီတပ်စခန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီလို့ ချင်းပြည်နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။