မွန်ပြည်နယ်၊ ရေးမြို့နယ်ကျောင်းရွာရှိ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ Youth Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ တပ်ရင်းအတွင်းရှိ စစ်သား ၁ ယောက် သေ ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ တပ်အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့ နဲ့ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၅) တို့ ပူး‌ပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Youth Revolutionary Force

0 Shares:
You May Also Like
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

ပြည်သူတွေ သခင်စိတ်မွေးကြဖို့ ဟောပြော (ရုပ်/သံ)

ရန်ကုန်မြို့စျေးတစ်ခုမှာ လူငယ်များသမဂ္ဂနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စီစဉ်မှုနဲ့ ''သခင်စိတ်မွေးဖို့လိုပြီး''ခေါင်းစဉ်နဲ့ ဟောပြောမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

Hornet PDF ရဲဘော်တွေ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။