ရှမ်းပြည်နယ် လားရှိုးမြို့ပေါ် ရပ်ကွက် ၅ မှာ သေနတ်ပစ်ဖောက်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၃ ရက် ညနေပိုင်းအချိန်မှာ အမျိုးသမီး မောင်းနှင်လာတဲ့ အိမ်စီးကားနောက်ကို အမျိုးသား ၂ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာကာ သေနတ်ပစ်ဖောက်ပြီး ကားကို လုယက်သွားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုအရ ကားပေါ်မှာ အမျိုးသမီး ၂ ယောက်စီးနင်း လိုက်ပါလာပြီး ၁ ယောက်ကို နေအိမ်ရှေ့မှာ ချထားပေးပြီးနောက် နောက်ကလိုက်လာတဲ့ ဆိုင်ကယ်ပေါ်က အမျိုးသား ၂ ယောက်ဟာ သေနတ်ပြခြိမ်းခြောက်ကာ ကားကို လုယက်သွားတာဖြစ်ပါတယ်။

လုယက်ချိန်အတွင်း ပတ်ဝန်းကျင်မှာ လူသွားလူလာတွေရှိနေပြီး ကားကို ပြန်လည်ရယူဖို့ ကြိုးစားတဲ့ အမျိုးသမီးကို ဟန့်တားတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခဲ့ရာ ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင်ရဲဘော်တွေကို လက်နက်တပ်ဆင်ဖို့ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Music Concert (ရုပ်/သံ)

လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ရဲဘော်တွေကို လက်နက်ခဲယမ်း အပြည့်အစုံတပ်ဆင်ပေးနိုင်ဖို့ ဂျပန်နိုင်ငံမှာ Charity Music Concert ပွဲကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

(၆၃)နှစ်မြောက် တအောင်းတော်လှန်ရေးနေ့အခမ်းအနား ကျင်းပ (ရုပ်/သံ)

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က (၆၃) နှစ်မြောက် တအောင်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့တွင် စစ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါတဲ့ ၄ ယောက်လုံး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။